ဘီလျံနာကြီးတွေ Crypto ကို မျက်စိကျနေကြဆဲ 

BTC11

 
Cryptocurrency စျေးကွက်ဟာ bear market ထဲ ကျရောက်နေပေမယ့်လည်း ခရစ်တိုငွေကြေး တွေကို လက်မလွှတ်ကြတဲ့ ဘီလျံနာကြီးတွေကတော့ ရှိနေ ကြပါသည်။
မကြာသေးမီက Henley & Partners ရဲ့ စစ်တမ်းပြုစုထားချက်အရ Bitcoin အဝယ်ကိုင်ထားသော ဘီလျံနာ 6 ဦးနှင့် အခြားသော Altcoin တွေ အဝယ်ကိုင်ထားသော ဘီလျံနာကြီး 22 ဦးအထိ ရှိနေကြောင်း သိရှိရပါသည်။
 
နာမည်ကျော် ခရစ်တို ဘီလျံနာကြီးတွေထဲမှာ ထိပ်ဆုံး၌ ရှိနေ သူတွေ ကတော့ Binance CEO ဖြစ်သူ CZ ၊ Coinbase CEO ဖြစ်သူ Brian Armstrong ၊ Ripple ရဲ့ Co-founder ဖြစ်သူ Chris Larsen တို့ပဲ ဖြစ်ပါသည်။
 
2022 ခုနှစ်ထဲမှာ ခရစ်တိုငွေကြေးစျေးကွက်၌ ကြမ္မာဆိုးတွေ ဝင်ခဲ့ပြီးနောက် Bitcoin နဲ့ Altcoin တွေ အကျရှိခဲ့ပေမယ့်လည်း ယခု 2023 ခုနှစ် နှစ်စကနေကြည့်ရင် လက်ရှိ Bitcoin အတက်နှုန်းသည် 55% ကျော် ရှိထားပြီလည်း ဖြစ်ပါသည်။
 
7. 9. 2023
Category: