သမာရိုးကျဘဏ်လုပ်ငန်းတွေတောင် Bitcoin ကို လက်ခံလာ 

BTC1

Bank of America ကတော့ ၎င်းတိုရဲ့ Wealth Management Fund တွေနှင့် Private Banking services ယူထားကြတဲ့ လက်ကြီးသမား ရင်းနှီးမြှုပ်နှံသူ တွေအတွက် Portfolio Allocation လုပ်ပေးရာမှာ Bitcoin နှင့် ခရစ်တိုငွေကြေးများကို 1% မှ 4% အထိ ထည့်ဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

စျေးကွက်ရေးရာကျွမ်းကျင်သုံးသပ်သူ Analyst အယောက် 15,000 တိုမှ အကြံပြုမှုတွေကြောင့် ခွင့်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းပေါ်လစီ အသစ်ထုတ်လိုက်ခြင်းဟာ Bank of America Private Bank, Merrill , Merrill Edge Platform တွေမှာပါ ပေါ်လစီ သက်ရောက်မှု ရှိပါသည်။

အဲဒီလို ရင်းနှီးမြှုပ်နှံခွင့်ပြုထားရာမှာ Bitcoin နှင့် ခရစ်တိုငွေကြေးများကို တိုက်ရိုက်ဝယ်ယူ ရင်းနှီးမြှုပ်နှံမှာမျိုးတော့မဟုတ်ပေ။

Bitcoin Spot ETFs ရှယ်ယာတွေဖြစ်ကြတဲ့
BlackRock ရဲ့ IBIT ,
Fidelity ရဲ့ FBTC ,
Bitwise ရဲ့ BITB နှင့် Grayscale Bitcoin Mining Trust စတဲ့ ETFs 4 ခုတိုကို ထည့်ဝင်ရင်းနှီးမြှုပ်နှံဖို research တွေ လုပ်နေပြီလည်း ဖြစ်ပါသည်။

Wealth client တွေ အတွက် Portfolio ရဲ့ 1% - 4% ဆိုတာ မများတဲ့ ပမာဏ ၊ risk နည်းတဲ့ ပမာဏ ဖြစ်အောင် သတ်မှတ် ခွင့်ပြုပေးထားတာ ဖြစ်ပေမယ့်လည်း ဘဏ်ကြီးတွေ အခုလို Bitcoin ကို support လုပ်လာခြင်းကတင် Bitcoin နှင့် ခရစ်တိုငွေကြေးစျေးကွက်အတွက် အလားအလာကောင်းတွေ များစွာ ရှိလာစေနိုင်ပါသည်။

#NangKhamThiriOo
5. 1. 2026

Category: