မနေ့တုန်းကတင် Paypal ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာကို ကျောထောက်နောက်ခံထားတဲ့ PayPal USD (PYUSD) အမည်ဖြင့် Stablecoin ကို Launch လုပ်ခဲ့ပါသည်။
PYUSD ကို စျေးကွက်ဖောက်တာ 24 နာရီ တောင်မပြည့်သေးခင်မှာဘဲ ဒီကနေ့ နေ့လည်ပိုင်း နောက်ဆုံးတွေ့ရှိချက်အရ PYUSD အတုတွေ ပေါ်နေ ကြောင်း သိရပါသည်။
DEXTools ရဲ့ ဒေတာအရ PYUSD ကွိုင်အတု အမျိုးအစား 66 ခု ကျော် ကို Ethereum ဘလော့ချိန်းကွန်ယက်၊ BNB Chain ကွန်ယက်၊ Base နှင့် အခြား ဘလော့ချိန်း ကွန်ယက်တွေပေါ် အခြေခံပြီးထုတ်ထားတာ ဖြစ်ကြောင်း သိရှိရပါသည်။
PYUSD အစစ်က Ethereum ကွန်ယက်ပေါ်မှာ တည်ရှိတာဖြစ်ပြီး ယခုအခါ PYUSD အတုကိုလည်း Ethereum ကွန်ယက်ထဲမှာ ထပ်တွေ့နေရတာ ဖြစ်တာကြောင့် အတုအပ သတိပြုဖို့ရန်လိုသည်။ ခရစ်တို trader အသစ်တွေ ၊ စျေးကွက်ပါးမဝသေးသူတွေကို Scammer တွေက မျက်စိလှည့်တာလည်း ဖြစ်ပါသည်။
တွေ့ကရာ DEX တွေကနေ မဝယ်ဘဲ၊ PayPal လက်ဝယ်ထားရှိမှုမှ တဆင့် PayPal ကုမ္ပဏီ က ဝယ်ရန်သတ်မှတ်ပေးထားသော wallet အချင်းချင်းသာ လွှဲပြောင်းပြီး ဝယ်ယူမှုကသာ PYUSD အစစ်ကို ရရှိမည် ဖြစ်ပါသည်။
8. 8. 2023