Bitcoin ထက် ရွှေ ကျောထောက် နောက်ခံ ထားရှိမှုကို ပိုလုပ်လာသည့် Tether (USDT) 

Tusd

 
     Stablecoin တွေထဲမှာ ကမ္ဘာ့နံပါတ် တစ် နေရာကို ယူထားသည့် Tether ဟာ ရွှေကို ကျောထောက် နောက်ခံ ထားရှိမှု မြှင့်တင်လာခဲ့သည်။ 2023 ခုနှစ် ပထမသုံးလပတ်ကာလတုန်းက Tether ၌ ရွှေ reserve ထားရှိမှုတန်ဖိုး ဒေါ်လာ 3.4 ဘီလီယံ အထိရှိကြောင်း စာရင်းထုတ်ဖော်ပြမှု လုပ်ခဲ့ပါသည်။
 
     Bitcoin ကိုတော့ ဒေါ်လာ 1.5 ဘီလီယံ ဖိုး reserve ထားရှိပါသည်။ Tether ရဲ့ စုစုပေါင်း reserve ထားရှိမှုတန်ဖိုးက ဒေါ်လာ 81.8 ဘီလီယံ အထိ ရှိပြီး အပို reserve တန်ဖိုး ဒေါ်လာ 2.44 ဘီလံယံ အထိ ထားရှိကြောင်း coinmarket cap မှ စာရင်းအရ သိရှိရပါသည်။
 
     ခရစ်တိုငွေကြေးတွေ အားလုံးထဲမှာ နံပါတ် 1 က Bitcoin ၊ နံပါတ် 2 က Ethereum နှင့် Tether ကတော့ နံပါတ် 3 နေရာ၌ ရပ်တည်နေပါသည်။
 
     ခရစ်တိုငွေကြေးစျေးကွက်ထဲမှာ risk တခုခုရှိလာခဲ့ပါက ခံနိုင်ရည် ရှိအောင် Tether ဟာ အတက်အကျကြမ်းသည့် Bitcoin ထက် တန်ဖိုးတည်ငြိမ်ပြီး Safe haven အက်ဆက်ဖြစ်သည့် ရွှေကို အရန်သီးသန့် reserve ထားရှိမှု ပိုလုပ်လာခြင်းလည်း ဖြစ်ပါသည်။
 
     ရွှေဟာ ရှေးနှစ်ပေါင်း များစွာ ကတည်းက ဈေးကွက်နှင့် စီးပွားရေး၌ အသုံးဝင် အက်ဆက်အဖြစ် ရှိခဲ့သလိုဘဲ အနာဂတ် ကာလ၌လည်း ဆက်၍ တောက်ပအုံးမည့် အက်ဆက်အဖြစ် ရှိနိုင်ပါသည်။
 
16. 5. 2023
Category: