ပြီးခဲ့တဲ့ တပတ်တာ ကာလအတွင်းကို ကြည့်ရင် Bitcoin ရဲ့ အတက်အကျဖြစ်မှု စျေးတန်းရဲ့ အမြင့်စျေး၊ အနိမ့်စျေးများကို ခြုံကြည့်ပါက range ရဲ့ အကျယ်ဟာ 3.4% သာ အတက်အကျ ရှိထားသည် အထိ စျေးအတက်အကျ အလွန်ငြိမ်သည့် အနေအထားကို တွေ့မြင်နိုင်ပါသည်။
လက်ရှိ Price range ဟာ 2020 ခုနှစ် ဇွန်လနောက်ပိုင်း 3 နှစ်တာ ကာလအတွင်းမှာ အကျဥ်းဆုံး စျေးတန်း range တခု အဖြစ် လည်း မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။
မကြာသေးတဲ့ မတ်လထဲတုန်းက အမေရိကန် ဘဏ်တွေ အကြပ်အတည်းဖြစ်မှု သတင်းဆိုးတွေကြောင့် Bitcoin ကို အဝယ်လိုက်မှု ရှိစေခဲ့ပြီး ဧပြီလဆန်းမှာ Bitcoin စျေးက $31,000 အထိ အမြင့်ဆုံး ရောက်ရှိထားခဲ့ပါသည်။ ၎င်းနောက် မေလဆန်းပိုင်းမှာ အမေရိကန် Fed ဗဟိုဘဏ် အတိုးနှုန်း တိုးမြှင့်မှု လုပ်ခဲ့ပြီးတဲ့နောက် Bitcoin စျေး တောက်လျှောက် အကျလားရာထဲ၌သာ ရှိခဲ့သည်။ မကြာသေးခင်ကပင် Binance အိတ်ချိန်းကလည်း ကွန်ယက်ကြပ်တည်းမှုကြောင့် Bitcoin အလွှဲအပြောင်းလုပ်မှုတွေ ယာယီနားတာမျိုး ရှိခဲ့ခြင်းကလည်း Bitcoin ကို အရောင်းအဝယ် လုပ်မှု လျော့ပါးစေသည်။ ဒီကနေ့မှာတော့ Bitcoin ဟာ $26,800 နား ဝန်းကျင် ရှိနေပါသည်။
လတ်တလောမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ McCarthy တို့က Debt ceiling တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုတွေ အပြီး မသတ်နိုင်သေးဘဲ ရှိနေတာကြောင့် ၎င်းအချက်ကို ခရစ်တိုစျေးကွက်က အထူးသတိထားစောင့်ကြည့်နေကြပါသည်။ ထိုအချက်က Bitcoin အတက်အကျလားရာကို မသဲမကွဲ ရှိစေပြီး အရောင်းအဝယ် ခပ်ပါးပါးသာ ရှိနေစေတာလည်း ဖြစ်သည်။
22. 5. 2023