တွစ်တာ (ယခု X) ရဲ့ Founder & CEO ဟောင်းဖြစ်ခဲ့သူ Jack Dorsey ရဲ့ Block Inc. ကုမ္ပဏီ ဟာ ယခု 2023 ခုနှစ် ဒုတိယ သုံးလပတ် (Q2) ကာလအတွက် အမြတ်ဝင်ငွေ အစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့ပါသည်။
Block ကုမ္ပဏီဟာ ပြီးခဲ့တဲ့ Q2 ကာလထဲမှာ Gross Profit တန်ဖိုး ဒေါ်လာ 1.87 ဘီလီယံ အထိ ရှိခဲ့ပြီး မနှစ်က Q2 ကာလတုန်းက အမြတ်နဲ့ နှိုင်းယှဉ်ကြည့်လျှင် 27% အထိ အမြတ်ဝင်ငွေ တိုးတက်မှု ရှိခဲ့သည်။
ပြီးခဲ့တဲ့ Q2 ကာလထဲမှာ ရရှိခဲ့တဲ့ အသားတင်ဝင်ငွေ (Net revenue) စုစုပေါင်း ကတော့ ဒေါ်လာ 5.5 ဘီလီယံ အထိ ရှိခဲ့ပြီး ၎င်းထဲမှာ ဒေါ်လာ 2.4 ဘီလီယံ က Bitcoin ကနေ ရရှိတဲ့ အမြတ်ဝင်ငွေ ဖြစ်ကြောင်းလည်း ကုမ္ပဏီ က ဆိုထားပါသည်။ ၎င်းတို့ ကုမ္ပဏီက ခရစ်တိုငွေကြေးတွေ ရောင်းချခြင်းမှ Bitcoin ဝင်ငွေ ရရှိတာဖြစ်ကြောင်းလည်း သိရှိရပါသည်။
4. 8. 2023