ထိုင်းဗဟိုဘဏ်က CBDC စမ်းသပ်သုံးစွဲဖို့ ပြင်ဆင်နေ

 
     ထိုင်းဗဟိုဘဏ် (BOT)က အမျိုးအမျိုးသောပေးချေမှုလုပ်ငန်းစဉ်  များတို့အတွက် ဗဟိုဘဏ်ထုတ်ဒစ်ဂျစ်တယ် ငွေကြေး (Retail CBDC) ကို ယခုနှစ်ကုန်မှစပြီး 2023 ခုနှစ် နှစ်လယ်ပိုင်းလောက်အထိ စမ်းသပ်သုံးစွဲဖို့ မှန်းထားကြောင်း ဩဂုတ် 5 ရက်နေ့က ကြေညာခဲ့ပါသည်။ 
 
     စမ်းသပ်ကာလအတွင်းမှာ CBDC ကို လက်ရှိသုံးနေတဲ့ cash transactions တွေလိုပဲ စားသောက်ကုန်နှင့် ဝန်ဆောင်မှု များအတွက် ပေးချေမှုတွေ၌ စမ်းသပ် သုံးစွဲသွားဖို့ ရှိနေပါသည်။
 
     Bank of Thailand (BOT) ရဲ့ ကြေညာချက်၌ စမ်းသပ်အသုံးပြုမည့် နယ်မြေဒေသ ကန့်သတ်ပြီးတော့ retail user 10,000 ခန့်ပါဝင် စမ်းသပ်အသုံးပြုဖို့ ရှိနေကြောင်း ဖော်ပြထားပါသည်။ 
 
     BOT ဟာ CBDC ကို ဖန်တီးထုတ်လုပ်ဖို့ တရားဝင် ကြေညာချက် မထုတ်ပြန်သေးသော်လည်း  လက်ရှိအချိန်မှာတော့ retail CBDC ကို စမ်းသပ်ဖို့ ခြေလှမ်းပြင်လာသည်။ CBDC နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးပြစ်တို့ကို အချိန်ယူ လေ့လာစမ်းသပ်ပြီးမှ ဥပဒေစည်းမျဉ်း၊ မူဘောင်၊ လုပ်ငန်းစဉ်တို့ကို ချမှတ်ကာ သုံးမည့် သဘော၌ ရှိလာခြင်းလည်း ဖြစ်ပါသည်။ 
 
#NangKhamThiriOo
6. 8. 2022
Category: