ယူကရိန်း၌ Fiat ငွေကြေး အလွှဲအပြောင်းနှင့် ငွေသားထုတ်ယူမှုတွေ ကန့်သတ်ခြင်းကြောင့် ခရစ်တိုငွေကြေးတွေကို ပို၍ အားထားရမှု ရှိလာနိုင်

ယူကရိန်းဗဟိုဘဏ် National Bank of Ukraine (NBU) က ယူကရိန်းငွေကြေး Hryvnia (ဟာရစ်ဗ်ညာ) နှင့် ဒေါ်လာငွေကြေး ဖလှယ်နှုန်းကို နှုန်းသေထားသုံးဖို့ သတ်မှတ်ခဲ့ပြီး ပြည်သူတွေ ငွေအလွှဲအပြောင်း လုပ်မှုတွေကိုလည်း ကန့်သတ်ခဲ့ပါသည်။ ၎င်းကဲ့သို့ လုပ်ခြင်းဟာ ခရစ်တိုငွေကြေး သုံးစွဲမှုကို ပို၍ အားပေးအားမြှောက် ဖြစ်စေနိုင်ပါသည်။ 
 
ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် စတင်လုပ်ခဲ့တာ 5 လတာ ကြာခဲ့ပြီဖြစ်ပြီး စစ်ပွဲကို အဆုံးမသတ်နိုင်သေးဘဲ ရှိနေသည်။ စစ်ပွဲကာလ ရှည်လျားပြီး အထိနာခဲ့သော ယူကရိန်း၌ စီးပွားရေး ဆုတ်ယုတ်ကျဆင်းကာ ငွေကြေးတန်ဖိုးလည်း ဆိုးဝါးစွာ ကျဆင်းမှု ရှိနေပါသည်။ 
 
ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဆိုလျှင် NBU ဗဟိုဘဏ်က ပေါ်လစီ အသစ်ထုတ်ပြန်ခဲ့ခြင်းကြောင့် ယူကရိန်းငွေကြေးတန်ဖိုး ပိုမိုကျဆင်းမှုဘက် ရောက်ခဲ့ပြီး အမေရိကန် ဒေါ်လာနှင့် ယူကရိန်း ဟာရစ်ဗ်ညာ ငွေကြေးတို့ရဲ့ ဖလှယ်နှုန်းမှာ 25% အထိတောင် မြင့်တက်သွားခဲ့ပါသည်။  
 
Payment အတွက် ထုတ်ထားတဲ့ ကဒ်တွေမှာ အရင်တုန်းက တပတ်ကို 50,000 ဟာရစ်ဗ်ညာ ထုတ်လို့ရခဲ့ပေမယ့် လက်ရှိချိန်မှာတော့ တပတ်လျှင် 12,500 ဟာရစ်ဗ်ညာ (US$340) အထိသာ ထုတ်ယူခွင့်ပေးတော့သည်။ ပြည်တွင်းနှင့် ပြည်ပမှ လူအချင်းချင်းတို့အကြား ငွေလွှဲသည့် ပမာဏသည်လည်း အရင်တုန်းက ဟာရစ်ဗ်ညာ 1 သိန်း ($2700) အထိ လွှဲလို့ရခဲ့ပေမယ့် ယခုအခါ 3 သောင်း ($800) အထိ လျှော့ချသတ်မှတ်ခဲ့ပါသည်။ 
 
NBU ဗဟိုဘဏ်က ယခုလို ပေါ်လစီတင်းကြပ်ခြင်းဟာ ယူကရိန်းပြည်သူတွေ အတွက် ခရစ်တိုငွေကြေးတွေကို ပို၍ အားကိုးအားထား ပြုလာဖို့ တွန်းအားတရပ်အနေဖြင့် ရှိလာနိုင်ကြောင်း ယူကရိန်းမှ ခရစ်တိုအိတ်ချိန်းကြီး Kuna ရဲ့ founder ဖြစ်သူက မှတ်ချက်ပြုထားပါသည်။ 
 
#NangKhamThiriOo
24. 7. 2022
Category: