
2022 ခုနှစ် ပထမနှစ်ဝက်တာ ကာလထဲ၌ ကမ္ဘာတဝန်းမှ ဗဟိုဘဏ်များတို့ရဲ့ ရွှေလက်ဝယ်ထားရှိမှု တိုးမြှင့်သည့် တန်ချိန်အရေအတွက်စုစုပေါင်းဟာ 270 တန်အထိ ရှိခဲ့ပါသည်။
လက်ရှိအချိန်၌ ကမ္ဘာပေါ်မှာ ရွှေကို အရန်သီးသန့် သိုလှောင်ထားရှိမှု အများဆုံးဖြစ်တဲ့ နိုင်ငံများကတော့ -
(1) အမေရိကန်နိုင်ငံ၌ 8,133.5 တန်
(2) ဂျာမဏီနိုင်ငံ ၌ 3,355.1 တန်
(3) အီတလီ နိုင်ငံ၌ 2,451.8 တန်
(4) ပြင်သစ်နိုင်ငံ၌ 2,436.6 တန်
(5) ရုရှားနိုင်ငံ၌ 2,298.5 တန်
(6) တရုတ်နိုင်ငံ၌ 1,948.3 တန်
(7) ဆွစ်ဇာလန်နိုင်ငံ၌ 1,040.0 တန်
(8) ဂျပန်နိုင်ငံ၌ 846.0 တန်
(9) အိန္ဒိယနိုင်ငံ၌ 768.8 တန်
(10) နယ်သာလန် နိုင်ငံ၌ 612.5 တန်
(11) တူရကီနိုင်ငံ၌ 457.7 တန်
(12) ထိုင်ဝမ်နိုင်ငံ၌ 423.6 တန်
(13) ကဇက်စတန်နိုင်ငံ၌ 383.9 တန်
(14) ပေါ်တူဂီနိုင်ငံ၌ 382.6 တန်
(15) ဥဇ္ဇဘတ်ကစ္စတန် နိုင်ငံ၌ 363.9 တန်
(16) ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ 323.1 တန်
(17) ဗြိတိန်နိုင်ငံ၌ 310.3 တန်
(18) လက်ဘနွန် နိုင်ငံ၌ 286.8 တန်
(19) စပိန်နိုင်ငံ၌ 281.6 တန်
(20) ဩစတီးယားနိုင်ငံ၌ 280.0 တန်
စသဖြင့် ရွှေအရန်သိုလှောင်ထားရှိမှု တန်ချိန်အများဆုံး လက်ဝယ်ရှိကြသည့် နိုင်ငံများဖြစ်ကြောင်း ကမ္ဘာ့ရွှေကောင်စီ မှ စာရင်းဒေတာ အရ သိရှိရပါသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)ကတော့ ရွှေအရန်သီးသန့်ထားရှိမှု တန်ချိန် စုစုပေါင်း 2,814 တန်ရှိပြီး၊ IMF သာ နိုင်ငံ တခု ဖြစ်မည်ဆိုလျှင် ကမ္ဘာ တတိယရွှေလက်ဝယ်ပိုင်ဆိုင်မှုအမျ ားဆုံးနိုင်ငံနေရာ၌ ရှိနေပါလိမ့်မည်။
#NangKhamThiriOO
20. 8. 2022