
တရုတ်ဗဟိုဘဏ် (PBoC) ကတော့ ဒီဇင်ဘာလထဲမှာ ရွှေ 1 တန် ဝယ်ယူမှု ရှိခဲ့ကြောင်း ဒီကနေ့မှာ စာရင်းထုတ်ပြန်ထားခဲ့ပါသည်။ ဒီဇင်ဘာလအထိဆို 14 လ ဆက်တိုက် ရွှေအဝယ်လုပ်မှုလမ်းကြောင်းပေါ် ရှိနေခဲ့တာလည်း ဖြစ်သည်။
2025 ခုနှစ် တနှစ်တာလုံးမှာ PBoC ရဲ့ ရွှေဝယ်ယူခဲ့မှု တန်ချိန် စုစုပေါင်း 27 တန်ရှိခဲ့သည်။ လက်ရှိ၌ PBoC ရဲ့ gold reserve စုစုပေါင်း တန်ချိန် 2,306 တန်အထိ ရှိနေပြီလည်း ဖြစ်ပါသည်။
တရုတ်က 2025 ခုနှစ်ထဲမှာ တောက်လျှောက်ရွှေ အဝယ်ရှိခဲ့ပေမယ့်လည်း ဝယ်သည့် ပမာဏကတော့ အရင်နှစ်တွေတုန်းကထက် နည်းနေခဲ့ပါသည်။
တရားဝင် ထုတ်ပြန်တဲ့ စာရင်း ဒေတာ အရကတော့ ဝယ်တဲ့ပမာဏ နည်းနေပါသည်။စာရင်း မထုတ်ပြန်ဘဲဝယ်ယူတဲ့ ပမာဏက များစွာရှိနိုင်တယ်ဟု လေ့လာသုံးသပ်သူတွေက ဆိုနေကြတာတွေလည်း ရှိနေပါသည်။
#NangKhamThiriOo
7. 1. 2026