
အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားခြင်းက တချိန်ချိန်မှာ သင့်ကို မီလျံနာ ဖြစ်စေနိုင်သည်။
စီးပွားရေး လုပ်ငန်း ထူထောင်ထားခြင်းက တချိန်ချိန်မှာ သင့်ကို မီလျံနာ ဖြစ်စေနိုင်သည်။
ခရစ်တိုငွေကြေး (Cryptocurrency) စျေးကွက်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ထားခြင်းက တချိန်ချိန်မှာ သင့်ကို မီလျံနာ ဖြစ်စေနိုင်သည်။
ကိုယ်ရှာဖွေထားတဲ့ငွေတွေကို တိုးပွားလာစေနိုင်သည့် ရင်းနှီးမြှုပ်နှံမှုတွေကို မလုပ်ဘဲ၊ ငွေပိုငွေလျှံ ရှိလာရင် တန်ဖိုးကျဆင်းသွားစေနိုင်တဲ့ ပကာသန အရာတွေမှာ သုံးဖြုန်းလိုက်ခြင်းဟာ ငွေ ရှာလိုက် သုံးလိုက်၊ ကုန်သွားလိုက် ဆိုတဲ့ ဝဲဂယက်ထဲမှာပဲ ရုန်းလိုက်၊ နစ်လိုက် ရှိစေနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ သူတိုင်း မီလျံနာ ဖြစ်မည်ဟု အားလုံးကို ပြောလို့မရနိုင်ပေမယ့်၊ ကိုယ့်ထူးကိုယ်ချွန် မီလျံနာ အများစုတို့က ရင်းနှီးမြုပ်နှံမှု တခုခုလုပ်ခြင်းကြောင့် ချမ်းသာကြတာက များပါသည်။ ကျွန်မတို့ဟာ ငွေရှာပြီးရင် ငွေကို 24 နာရီပြန်ခိုင်းလို့ ရနိုင်တဲ့ မည်သို့သော အက်ဆက်အမျိုးအစားတွေကို မည်သည့် အချိန်အခါမျိုးမှာ ဝယ်ယူလက်ကိုင်ထားပြီး၊ မည်သည့် အချိန်အခါမျိုးမှာ ရောင်းထုတ်သင့်သလဲဆိုတဲ့ စျေးကွက်သုံးသပ်မှု နည်းဗျူဟာတွေ၊ ငွေရေးကြေးရေး အသိပညာတွေ များစွာ လေ့လာထားဖို့တော့ လိုအပ်ပါသည်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တာ ကာလအတွင်း ပြန်ရနှုန်း အများဆုံးရှိခဲ့ကြသော ခရစ်တို၊ စတော့ နှင့် ရွှေတို့ကို အစဥ်လိုက် ဖော်ပြလိုက်ပါသည်။
ဆယ်နှစ်တာ ကာလ အတွင်း ပြန်ရနှုန်းများ -
Bitcoin က +19,968%
NVIDIA ကုမ္ပဏီရဲ့ စတော့က +11,145%
Tesla ကုမ္ပဏီရဲ့ စတော့က +2,884%
Apple ကုမ္ပဏီရဲ့ စတော့က +1,168%
Microsoft ကုမ္ပဏီရဲ့ စတော့က +1,047%
Facebook ကုမ္ပဏီရဲ့ စတော့က 908%
Amazon ကုမ္ပဏီရဲ့ စတော့က +780%
Google ကုမ္ပဏီရဲ့ စတော့က 459%
စသဖြင့် ပြန်ရနှုန်း အမြင့်ဆုံး ရှိခဲ့ကြပြီး
ကမ္ဘာ့ရွှေစျေးနှုန်းကတော့ +34% အတက်ရှိခဲ့ပါသည်။
26. 5. 2023