လက်ငင်းကာလ၌ အနေချောင်ဖို့အတွက် အချောင်နေခြင်းဟာ အနာဂတ်မှာ ပိုမိုတိုးတက် အောင်မြင်စေနိုင်တဲ့ အခွင့်အရေးကောင်းတွေကို လက်လွတ် ဆုံးရှုံးရအံ့ 

donotburn

လက်ငင်းကာလ၌ အနေချောင်ဖို့အတွက် အချောင်နေခြင်းဟာ အနာဂတ်မှာ ပိုမိုတိုးတက် အောင်မြင်စေနိုင်တဲ့ အခွင့်အရေးကောင်းတွေကို လက်လွတ် ဆုံးရှုံးရအံ့ 
 
လူအများစုဟာ ရေရှည်ကာလအတွက် တွေးရမှာကို ပျင်းတတ်ကြသလို၊ နောင်တချိန်မှာ ရှိလာနိုင်မယ့် ကြီးပွားချမ်းသာထက် လောလောဆယ်မှာ အနေအစားချောင်ပြီး အပူအပင်ကင်းကင်းနေထိုင်နိုင်ရေးကိုသာ အာရုံထားကြတာက များတတ်ကြပါတယ်။
 
လက်ငင်း ကာလမှာ အဆင်ပြေအောင်လည်း ကြိုးပမ်းလုပ်ဆောင်သင့်သလို၊ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေကိုလည်း ကိုယ်တိုင် ဖန်တီးယူနိုင်ဖို့အတွက် အချိန် တခု သီးသန့်ပေးဖို့ လိုအပ်ပါတယ်။
 
လက်ငင်းကာလမှာ ရုန်းကန်နေရလို့ အနာဂတ်အတွက် ကြိုမတွေးနိုင်ဘူးလို့ဆိုသူတွေဟာ ဆင်ခြေပေးရုံ သက်သက်ပါ။ တကယ့်တကယ်တမ်း ဘယ်သူမှ 24 နာရီ ပတ်လုံး မနားမနေ အလုပ်လုပ်နေကြတဲ့သူဆိုတာ မရှိနိုင်ပါဘူး။ ကိုယ့်ရဲ့ နားနေချိန်ထဲကနေ မိနစ်ပိုင်းလေးလောက် ဦးနှောက်အာဟာရ၊ ပညာအာဟာရ ဖြည့်တင်းချိန်ဆိုတာ ရကို ရနိုင်ပါတယ်။
 
အားလပ်တဲ့ အချိန်တခုကို ပညာရပ်အသစ်တွေ လေ့လာမယ်၊ ဗဟုသုတ ကြွယ်ဝစေမယ့် စာအုပ်စာပေကောင်းတွေ ဖတ်မယ် ဆိုရင် လက်ငင်းကာလအတွက် ချက်ချင်းအကျိုးမ​ပေးနိုင်ပေမယ့်လည်း ရေရှည်မှာ ကိုယ့်ရဲ့ အတွေးအခေါ်၊ အသိအမြင်တွေဟာ ပိုပိုပြီး တိုးတက်လာနိုင်မယ်။ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်သုံးသပ်လာနိုင်မှာ ဖြစ်တယ်။
 
အကောင်းအဆိုး အကြောင်းအကျိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ ဉာဏ် နည်းပါးရင် အလိမ်ခံရဖို့ လွယ်မယ်၊ အယုံသွင်းခံရဖို့လွယ်မယ်၊ တိုးတက်ရာ တိုးတက်ကြောင်းတွေနဲ့ ဝေးကွာသွားပြီး စိုးရိမ်ကြောင့်ကြ ပိုပြီး ရှိသွားစေနိုင်ဖို့က များပါတယ်။
 
ပညာရပ်အသစ်တွေ ၊ စာအုပ်စာပေတွေ လေ့လာဖို့ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်ဆိုရင်တောင် ယခုလို ဆိုရှယ်မီဒီယာခေတ်မှာ လွယ်လင့်တကူ အခမဲ့ လေ့လာလို့ ရနိုင်တဲ့ နေရာတွေ များစွာ ရှိနေပြီလည်း ဖြစ်ပါတယ်။
 
1. 7. 2023