Financial Freedom ဖြစ်ဖို့ လုပ်သင့်သည့် A B I E ယတြာ 

FFree

 
     A = Assets ကတော့ မိမိတို့ပိုင်ဆိုင်ထားရှိနိုင်သည့် တန်ဖိုးရှိသော အရာမှန်သမျှကို ဆိုလိုပါသည်။ ဘဏ်အကောင့်ထဲမှာ ရှိသောငွေ ၊ အိတ်ကပ် ထဲမှာရှိသောငွေ ၊ အိမ်ခြံမြေ၊ ကား၊ သင်္ဘော၊ ပန်းချီပန်ပုကဲ့သို့ အနုပညာ လက်ရာများ၊ လက်ဝတ်ရတနာများ စသည့် တန်ဖိုးရှိ အရာများထဲမှာ အချို့ကို လက်ဝယ် ပိုင်ဆိုင်ထားရှိနိုင်အောင် စုဆောင်းမှု လုပ်သင့်ပါသည်။
 
     B = Budgets မိမိတို့ ရရှိသည့် လစာဝင်ငွေတို့ကို အသုံးနဲ့ အဖြုန်း ခွဲခြားတတ်အောင် စနစ်တကျ သုံးစွဲဖို့လိုပါသည်။ ဥပမာ - ဝင်ငွေရဲ့ 50% ကို နေ့စဉ်အသုံးစရိတ်နှင့် အခြေခံ လိုအပ်ချက်တွေ အတွက် သုံးပြီး၊ 30% ကိုတော့ စုဆောင်းကာ၊ စုဆောင်းပြီးပိုသည့် 20% လောက်ကိုသာ ကိုယ်လိုချင်သည့် အရာတွေ အတွက် သုံးသင့်သည်။
 
     I = Investments အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ကို လုပ်ထားသင့်ပါသည်။ စတော့ရှယ်ယာ၊ ဘွန်း၊ ရွှေ၊ အိမ်ခြံမြေ၊ ခရစ်တိုငွေကြေးများ စသဖြင့် မိမိနှင့် လက်လှမ်းမီသည့် အမျိုးအစားကို ပမာဏ နဲနဲချင်းစီ တတ်နိုင်သလောက် ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ပါသည်။ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင်မှာတော့ မိမိရင်းနှီးငွေထည့်ဝင်မည့် အက်ဆက်အမျိုးအစားနှင့် လုပ်ငန်း၊ စျေးကွက်သဘောဝဘာဝကို အရင်ဦးစွာ လေ့လာထားဖို့တော့ လိုပါသည်။ နားလည်တတ်ကျွမ်းမှု မရှိဘဲ ရင်းနှီးမြုပ်နှံမှု လုပ်ရင်တော့ ဆုံးရှုံးနိုင်ခြေ အန္တရာယ်တွေ မလွတ်ကင်းဘဲ ရှိစေနိုင်ပါသည်။
 
     E = Emergency fund အရေးပေါ် အခြေအနေဆိုတာ လူတိုင်းကြုံတွေ့ရတတ်သည့် အရာဖြစ်သည်။ ကျန်းမာရေး၊ သွားရေးလာရေး တို့အတွက် အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်တတ်လေ့ရှိရာ ၎င်းကိစ္စတွေ ဖြေရှင်းနိုင်ရေးအတွက် အရန်စုဆောင်းငွေဆိုတာ ရှိသင့်ပါသည်။ မိမိအတွက် မပြောပလောက်သော ငွေပမာဏ နဲနဲချင်းစီကို အရေးပေါ် အသုံးစရိတ်အတွက် စုဆောင်းထားသင့်ပါသည်။
 
2. 5. 2023