Investor, Trader တွေ သတိထားရမယ့် Mental Accounting Bias အန္တရာယ် 

MentalABias



Mental Accounting Bias ဆိုတာကို ရိုးရိုးရှင်းရှင်း နားလည်သဘောပေါက်စေဖို ဥပမာလေးတွေနဲ့ ပြောရရင် ...

Trader တယောက် ရှိတယ် ဆိုပါစို။ Broker ကုမ္ပဏီက အဲဒီ Trader ရဲ့ Trading Account ထဲကို Bonus ဒေါ်လာ 3 ထောင်ထည့်ပေးထားတယ်ပေါ့။ အဲဒီအခါ Trader က ကိုယ့်အကောင့်ထဲမှာ $3 ထောင်လောက် Balance ပိုထွက်လာပြီ ဖြစ်တာကြောင့် ကမ္ဘာ့ရွှေစျေးနှုန်း (XAUUSD) ကို စျေးအတက်အကျ ကြမ်းနေတဲ့အချိန်မှာ Fundamental တွေ၊ Market Sentiment တွေ၊ TA strategy တွေ ဘာတခုမှ ဂရုမစိုက် ၊ Calculated risk မလုပ်ဘဲ ရမ်းကာရော Trade ပြီး အမြတ်ရှာဖို လုပ်တယ်။ မိနစ်ပိုင်း အတွင်းမှာ ဘောနပ်စ် ရထားတဲ့ $3 ထောင်အပြင် နဂိုရှိထားပြီးသား အရင်းထဲက $3 လောက်ပါ ထပ်ပြီးဆုံးရှုးမှု ရှိတာမျိုး ကြုံလိုက်ရတယ်။

Investor တယောက်ကလည်း နဂိုတုန်းကတော့ သူ့ရဲ့ ပုံမှန်အလုပ်ကရတဲ့ ဝင်ငွေ တစိတ်တပိုင်းကို စတော့ Investment ပုံမှန်လုပ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့​ငွေကြေးကမိမိရဲ့
ချွေးနည်းစာ ဖြစ်တာကြောင့် သေချာဂရုစိုက်ပြီး ပြန်ရနှုန်း ပုံမှန်ရှိနိုင်တဲ့ Value Stock တွေ၊ Risk-Free Bond တွေ ကိုင်ထားတယ်။ တနေ့မှာတော့ မထင်မှတ်ထားပဲ အဖွားဆီက အမွေရလိုက်တာ လက်ထဲမှာ ပိုက်ဆံတွေ ပိုလာတယ်။ အဲဒီအခါ Risk မြင့်တဲ့ Meme Stock တွေမှာ Invest လုပ်လိုက်ပါတယ်။ သူ့ရဲ့ Portfolio ဟာ အရင်တုန်းက Risk နည်းခဲ့ရာကနေ အခုတော့ Risk များသွားပြီ။

အဲဒီလို ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ့်လုပ်အားကို မစိုက်ထုတ်လိုက်ရပဲ ရရှိလာတဲ့ အလွယ်ရ ငွေကို ကိုယ့်ငွေလို သဘောမထားဘဲ Free Money လို စိတ်က ထင်လိုက်တာကြောင့် လွယ်လွယ်ရ၊ လွယ်လွယ်ကုန် လုပ်မိတာမျိုး ဖြစ်ပါတယ်။

Trader, Investor မဟုတ်လည်းဘဲ နေ့စဉ် ဘဝမှာ ကိုယ်ရနေကျမဟုတ်တဲ့ မုန့်ဖိုးတို၊ ထီပေါက်တာတို လိုမျိုး မထင်မှတ်ထားတဲ့ ပိုငွေတွေ ရရှိလာရင် မလိုလားအပ်တဲ့ သုံးဖြုန်းမှုမျိုး လုပ်တတ်ကြတာတွေ ရှိသွားတတ်ကြပါတယ်။

အဲဒါကြောင့် Mental Accounting Bias ဆိုတာကို "ဒီပုတ်ထဲက ဒီပဲ ဆိုတာကို မမြင်ဘဲ လိုက်ခွဲခြားနေတဲ့ အယူ" လို ကိုယ့်ဘာသာ အဓိပ္ပါယ်ဖွင့် မှတ်ယူထားပါတယ်။

ကိုယ်ရတဲ့ ငွေကို ဘယ်လို၊ ဘယ်ပုံ ရသည်ဖြစ်စေ ၊ ဒါကတော့ အပိုရတာ၊ ဒါကတော့ အလကားရတာ၊ စသဖြင့် အဲဒီလို ခွဲခြား မတွေးဘဲ အကုန်လုံးဟာ ကိုယ့်ရဲ့ ဝင်ငွေလို တန်းတူ မြင်ဖိုလိုပြီး မလိုလားအပ်ဘဲ မဖြုန်းမိအောင် ၊ Risk တွေ မယူမိအောင်၊ Money Management လုပ်သင့်ကြောင်းလေး မျှဝေရေးသားလိုက်ပါတယ်။

NangKhamThiriOo
1. 11. 2026