ရေတိုပိုင်းမှာ အရှုံး၊ အခက်အခဲတို့နဲ့ကြုံတွေ့​နေရလည်း ရေရှည်ပန်းတိုင်အတွက် လွယ်လွယ်နဲ့ လက်မလျှော့သင့် 

JackMoti

 
Jack Ma လို့ ဆိုလိုက်တာနဲ့ အထူးညွှန်းစရာ မလိုတော့လောက်အောင် မြန်မာ စာဖတ်ပရိတ်သတ်များနဲ့ ရင်းနှီးပြီးသား စွန့်ဦးတီထွင် ဘီလျံနာကြီး ဖြစ်ပါတယ်။
 
"ဒီကနေ့ဟာ ခက်ခဲတယ်၊ မနက်ဖြန်မှာ ပိုပြီးတော့ အများကြီး ခက်ခဲနိုင်တယ်၊ သန်ဘက်ခါမှာတော့ ကောင်းသော နေ့ရက်အဖြစ် ရှိလာနိုင်ပါတယ်၊ လူ အများစုက မနက်ဖြန်ညနေခင်းလောက်မှာ လက်လျှော့လိုက်ကြတာကများတယ်" လို့ Jack Ma က သူရဲ့ အင်တာဗျူးတွေ၊ ဟောပြောပို့ချမှုတွေတိုင်းမှာ ဆိုလေ့ရှိပါတယ်။
 
Trading, Investing မှာလည်း ဒီလိုပဲ ရေတိုကာလမှာ ရှုံးတလှည့်၊ မြတ်တလှည့် ၊ တက်ချည်၊ ကျချည် ကြုံတွေ့နေရမှာပဲ ဖြစ်တယ်။ အများစုက အခက်ခဲဆုံးကာလ တွေကို ခံနိုင်ရည်မရှိကြဘူး။ တကယ်တမ်းက အခက်ဆုံးကို ကျော်လိုက်ရင် ရှေ့လျှောက်မှာ ခက်ခဲမှုတွေ လျော့ပါးသွားနိုင်မှာ ဖြစ်ပါတယ်။
 
လူအများစုတို့ဟာ အတွေ့အကြုံ နုစဉ်ကာလမှာ နဖူးတွေ့ ဒူးတွေ့ကြုံရတဲ့ ပြဿနာတွေ ၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းတွေ ကြိုးပမ်းအားထုတ်ရမယ့်အစား၊ အရှုံးနဲ့ လက်လျှော့လိုက်ကြတာကများပါတယ်။
 
ရေရှည်အတွက်ကို ရည်ရွယ်ပြီး လေ့လာ၊ လေ့ကျင့်မှုတွေမှာ အာရုံစိုက် အားထည့်ထားရင် မနက်ဖြန်ညနေခင်းကို ကျော်လွှားနိုင်ကြမှာပဲ ဖြစ်ပါတယ်။ ခက်ခဲတဲ့အချိန် ရောက်လေလေ အသိ၊ သတိကပ်ပြီး ကြိုးပမ်းအားထုတ်မှုကို ပိုပြီး အာရုံစိုက်သင့်လေလေ ဖြစ်ပါတယ်။
 
Trading, Investing ဆိုတာ ခနတဖြုတ် အပျင်းပြေဝင်လုပ်လို့ရတဲ့ အလုပ်မျိုး မဟုတ်ဘဲ၊ ရေရှည် တည်ဆောက်ရမယ့် ပန်းတိုင် ဖြစ်တာကြောင့် မနက်ဖြန် ညနေခင်းကို ကျော်လွှားနိုင်ကြဖို့ လိုပါတယ်။
15. 8. 2023
Photo - Google