
စတော့ဂုရုကြီး ဝါရင်းဘတ်ဖတ်ရဲ့ ဆရာဖြစ်သူ ဘန်ဂျမင်း ဂရေဟမ် က ဒီလိုဆိုထားပါတယ် -
"In the short run, the market is a voting machine, but in the long run it is a weighing machine."
စျေးကွက်ဟာ ရေတိုကာလအတွင်းမှာဆိုရင် ဆန္ဒမဲပေးတဲ့ မဲပေးစက်လိုပဲ လတ်တလောမှာ ပေါ်ပြူလာဖြစ်နေတဲ့ အကြောင်းရင်းခံတွေရဲ့ နောက်ကိုလိုက်ပြီး ဝယ်ကြ၊ ရောင်းကြခြင်းတို့ကြောင့် စျေးနှုန်းကသောင်းကနင်းဖြစ်မှုတွေ ရှိနေတတ်တယ်။ ရေရှည်ကာလမှာဆိုရင်တော့ ဝိတ်ချိန်တဲ့ စက်လိုပဲ၊ Asset တခုရဲ့ အမှန်တကယ် ထိုက်တန်တဲ့ တန်ဖိုးတရပ်ကို မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်ဟာ စတော့ရှယ်ယာတွေကို ရေရှည်လက်ကိုင်ထား ရင်းနှီးမြှုပ်နှံတဲ့ Buy and Hold နည်းဗျူဟာကို ကျင့်သုံးပြီး ကမ္ဘာ့အချမ်းသာဆုံး investor ကြီး အဖြစ် ပြိုင်စံရှား ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
Investing ၊ Trading တို့ မှာတင်မက ဘယ်နယ်ပယ်မှာမဆို၊ ဘယ်အရာမျိုးမှာမဆို ရေတိုမှာ ပေါ်ပြူလာဖြစ်တာဟာ မတည်မြဲနိုင်ဘူး၊ စစ်မှန်တဲ့အရည်အချင်း ကသာ ရေရှည်မှာ ပိုမိုခိုင်မာ တိုးတက်စေ နိုင်မှာလည်း ဖြစ်ပါတယ်။
အများစုက အစပိုင်းမှာ ကောက်ရိုးမီးလို ဟုန်းဟုန်းတောက်ပြီး လုပ်မယ်၊ ကိုင်မယ် အားတက်ကြပေမယ့် ရေရှည်မှာတော့ အဖျားရှူးသွားတတ်တာက များတယ်။ သျှားမီးခဲလို တမြိုက်မြိုက်လောင်ကျွမ်းပြီး ကိုယ့်ကိုကိုယ်ရော၊ ပတ်ဝန်းကျင်ကိုပါ အလင်းပေးနိုင်တဲ့သူများ ဖြစ်ကြပါစေ။
13. 8. 2023
Photo - google