
အီရန် နိုင်ငံဟာ နိုင်ငံတကာ ကုန်သွယ်ရေး ပိတ်ဆို့မှု ဒဏ်ကို နှစ်ကာလ ကြာရှည်စွာ ရင်ဆိုင်ခဲ့ရပြီးနောက် ယခုအခါ သွင်းကုန်တွေ ဝယ်ယူရာ၌ Crypto ငွေကြေးကို သုံးဖို့ရန် ဟန်ရေးပြင်လာသည်။ အီရန် Industry, Mines and Trade ministry မှ import အတွက် ခရစ်တိုငွေကြေးများကို သုံးမည်ဖြစ်ကြောင်း အတည်ပြု ကြေညာထားပါသည်။
အီရန် ကုန်သွယ်ရေး ဝန်ကြီးဖြစ်သူ Reza Fatemi Amin က ၎င်းတို့နိုင်ငံအတွင်းမှာ Bitcoin mining ခွင့်ပြုပြီး mining အတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်နှင့် လောင်စာဆီတို့ကို အထောက်အပံ့ပြုပေးဖို့ ရှိပြီး Bitcoin သုံးစွဲမှုကို အားပေးအားမြှောက်ပြုသွားမည်ဟု သတင်းမီဒီယာများသို့ တရားဝင် ပြောကြားခဲ့ပါသည်။
မကြာသေးခင်ကပင် အီရန်နိုင်ငံက ပထမဦးဆုံး အကြိမ် မော်တော်ယာဉ် တင်သွင်းမှုကို ပြန်လုပ်နိုင်ခဲ့ပြီး ၎င်းမော်တော်ယာဉ် တင်သွင်းမှု တန်ဖိုး $10 သန်းကို ခရစ်တိုငွေကြေးဖြင့် ပေးချေမှု လုပ်နိုင်ခဲ့ကြောင်းလည်း Amin က ဆိုထားပါသည်။
အီရန် ကုန်သွယ်ရေး ဝန်ကြီးဌာနက လာမည့် စက်တင်ဘာလ ထဲမှာ Blockchain နည်းပညာ အခြေပြု Smart contracts တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း ဆိုထားပါသည်။
အီရန်ကတော့ နိုင်ငံတကာ ကုန်သွယ်ရေး ပိတ်ဆို့မှုကြောင့် ဒေါ်လာ၊ ယူရိုတို့ကို မှီခိုအားထားရမှုမှ လွတ်ကင်းအောင် ခရစ်တိုငွေကြေးများကို အစားထိုးသုံးစွဲရန် နည်းလမ်း ရှာတွေ့လာပြီလည်း ဖြစ်သည်။
30. 8. 2022