ကမ္ဘာ့ထိပ်တန်းရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီး နှစ်ခုတို့က တရုတ်စီးပွားရေး တိုးတက်မှုနှုန်းကို လျှော့ချ၍ ခန့်မှန်း

 

ယခု 2022 ခုနှစ်ထဲမှာ တရုတ်နိုင်ငံရဲ့ GDP နှစ်အလိုက် အခြေခံနှုန်းမှာ ကျဆင်းနိုင်ခြေ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီး နှစ်ခုတို့က 3 ကြိမ်မြောက် အနေဖြင့် ပြင်ဆင်လျှော့ချ ခန့်မှန်းချက် ထုတ်ခဲ့ပါသည်။ 2022 ခုနှစ် တရုတ် GDP တိုးတက်မှုနှုန်း 5.5% ခန့် ရှိနိုင်ကြောင်း တရားဝင် ခန့်မှန်းထားတာထက်ကို လျှော့ချပြီး 4% အောက်၌သာ ရှိနိုင်ကြောင်း ၎င်းဘဏ်နှစ်ခုတို့က ခန့်မှန်းလိုက်ကြသည်။

UBS ဘဏ်ကြီးကတော့ ယခုနှစ်အတွက် တရုတ် GDP ကို 3% သာ ရှိနိုင်ကြောင်း မှန်းထားပြီး JP Morgan ဘဏ်ကြီးကတော့ 3.7% သာ ရှိနိုင်လိမ်မည်ဟု ခန့်မှန်းထားပါသည်။

2020 ခုနှစ်တုန်းကတော့ တကမ္ဘာလုံး ကိုဗစ်ကူးစက်မှုတွေရှိခဲ့ကြသောကြောင့် နိုငိငံအသီးသီးတို့မှာ စီးပွားရေး ကျဆင်းမှုတွေ များစွာ ရှိခဲ့သည့် အချိန်၌ တရုတ်နိုင်ငံ တနိုင်ငံတည်းသာလျှင် စီးပွားရေး တိုးတက်မှုနှုန်း 2.2% ရှိခဲ့သည်။

ယခုနှစ်ထဲ၌၊လက်ရှိအချိန်အထိကိုတရုတ်နိုင်ငံအတွင်းမှာ ကိုဗစ်ကူးစက်မှုတွေ ဆက်လက် ရှိနေခြင်းကြောင့် အသွားအလာ ကန့်သတ်မှုများ ဆက်၍ လုပ်ထားရဆဲအနေအထားကြောင့် စီးပွားရေးတိုးတက်မှုနှုန်းက ကျဆင်းနိုင်ချေ အလားအလာနှုန်း မြင့်တက်နေပါသည်။ ၎င်းအပြင် စီးပွားရေး နှိုးဆွ ဘတ်ဂျက်အသုံးစရိတ်တွေ များစွာသုံးနေရမှုများ နှင့် ပြည်သူတွေကို ကိုဗစ် ရောဂါ ရှာဖွေစစ်ဆေးမှုများလုပ်ရန် အတွက်လည်းအသုံးစရိတ်တွေများစွာ သုံးစွဲနေရခြင်းကြောင့်လည်း စီးပွားရေး အပေါ် များစွာ ထိခိုက်နိုင်ခြေ ရှိနိုင်ကြောင်း ဘောဂဗေဒပညာရှင်များက သုံးသပ်မှုတွေ လုပ်ထားကြပါသည်။

တရုတ်နိုင်ငံအတွင်း ကိုဗစ်ပိုးစစ်ဆေးမှုများ လုပ်ရာ၌ ကုန်ကျစရိတ်စုစုပေါင်း ယွမ် 40 ဘီလီယံ မှ 50 ဘီလီယံ အထိ (အမေရိကန် ဒေါ်လာ 5.97 ဘီလီယံ မှ 7.46 ဘီလီယံ အထိ) ရှိနေပြီး ၎င်းပမာဏဟာ တရုတ်ရဲ့ တနှစ်တာ GDP နှုန်း၏ 0.4% မှ 0.5% ခန့်အထိ ရှိနိုင်ကြောင်းကိုလည်း JPMorgan ဘဏ်ကြီး မှထိပ်တန်းဘောဂဗေဒပညာရှင် Zhu က ထောက်ပြသုံးသပ်ထားပါသည်။

NangKhamThiriOo
26. 5. 2022