ဟိုက်ပါအင်ဖလေးရှင်းနှင့် ရွှေ 

Hyper
 
       Hyperinflation ဆိုသည်မှာ ငွေကြေးဖောင်းပွမှု အလွန်အကျွံမြင့်တက်ခြင်းကို ဆိုလိုသည်။ သတ်မှတ်အဆင့်ကို အထိန်းအချုပ်မဲ့ ကျော်လွန်ပြီး ဖောင်းပွမှု ဖြစ်လာခြင်း ဖြစ်သည်။ ဘောဂ‎ဗေဒပညာရှင်များကတော့ တစ်လအတွင်း ၅၀ ရာခိုင်နုန်းနှင့် အထက်ငွေကြေးဖောင်းပွမှု မြင့်တက်နေသည့်အနေအထားမျိုးကို ဟိုက်ပါအင်ဖလေးရှင်းအဆင့်ဟု သတ်မှတ်ထားကြသည်။ ငွေကြေးဖောင်းပွမှု အထိန်းအချုပ်မဲ့ မြင့်တက်လာလျှင် ၎င်းငွေကြေးအပေါ် ယုံကြည်မှု ကင်းမဲ့လာစေမည်။
 
       ၂၁ ရာစု၏ ဟိုက်ပါအင်ဖလေးရှင်း ဥပမာပေးဖြစ်ရပ်ကတော့ ၂၀၀၀ ခုနှစ်တုန်းက ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်ခဲ့သည်။ဇင်ဘာဘွေရဲ့ ငွေကြေးဖောင်းပွမှု နှုန်းကအတက်နှုန်းလျင်မြန်စွာနဲ့ မြင့်တက်လာပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းလောက်တွင် လစဉ်ငွေကြေးဖောင်းပွမှု ရာခိုင်နုန်း ၆ ဘီလီယံ % ခန့် အထိမယုံနိုင်စရာကောင်းလောက်အောက် မြင့်တက်ခဲ့ပါသည်။ ဟိုက်ပါအင်ဖလေးရှင်း ဖြစ်ရပ်သည် စစ်ပွဲအပြီးပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသော နိုင်ငံများတွင် တိုင်းပြည် ဆင်းရဲခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိသော်လည်း ဖွံ့ဖြိုး တိုးတက်ပြီးနိုင်ငံများတွင်ပါ တွေ့လာရသည်။
 
       ပထမကမ္ဘာစစ်ကြီးအပြီး ဂျာမနီနိုင်ငံတွင် ဖြစ်ပေါ် ခဲ့သောဟိုက်ပါအင်ဖလေးရှင်းကတော့ ၁၉၂၂ ခုနှစ် သြဂုတ်လမှ စပြီး ၁၉၂၃ ခုနှစ် နိုဝင်ဘာလအထိ လစဉ်လတိုင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှု နုန်း ၄ ဆ နုန်းဖြင့် ဖောင်းပွလာခဲ့သည်။ ၁၉၂၃ ခုနှစ် အောက်တိုဘာလတွင်တော့ တစ်ရက်ထဲ အတွင်း ငွေဖောင်းပွမှု နုန်း ၄၀ ရာခိုင်နုန်းဖြင့် စံချိန်တင်ခဲ့ပြီး 'Weimar Hyperinflation' ဟု အမည်တွင်ခဲ့သည်။
 
      ဟိုက်ပါအင်ဖလေးရှင်းကို ဖြစ်စေနိုင်သော အဓိက အကြောင်းရင်းကတော့ ငွေစက္ကူ များကို အကန့်အသတ်မရှိ များစွာရိုက်ထုတ်ပေးပြီး Money Supply ကို အလွန် များစွာ ရှိလာစေခြင်းကြောင့်က ဖြစ်တာကအများဆုံးဖြစ်နိုင်ပါသည်။ ငွေစက္ကူ ရိုက်ထုတ်မှု ဖြစ်စေသော အကြောင်းရင်းကလည်း တိုင်းပြည်၏ ဘတ်ဂျက်လိုငွေကို ဖြည့်တင်းဖို့ လိုခြင်းကြောင့်က များနိုင်သည်။ ဟိုက်ပါအင်ဖလေးရှင်းဖြစ်လာခဲ့လျှင် ငွေကြေးရဲ့Purchasing power ကျဆင်းစေပါသည်။ စီးပွားရေးကို ဟန်ချက်မညီစေတော့ဘဲ စီးပွားရေးသံသရာအကျ ဘက်ဦးတည်စေနိုင်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ရွှေ ဈေးကွက်ထဲ ငွေကြေး အရင်းအနှီးတွေ များစွာ၊ မြန်စွာနဲ့ တိုးလာနိုင်ပြီးတော့ ၎င်းနိုင်ငံရဲ့စံနှုန်းပြု ရွှေဈေးနုန်းကိုလည်း မြင့်တက်စေနိုင်သည်။
 
         သမိုင်းကြောင်းအရတော့ ဟိုက်ပါအင်ဖလေးရှင်းဖြစ်ရပ်သည် ဗဟိုဘဏ်က ရိုက်ထုတ်ထားသော ငွေစက္ကူ များနေရာတွင် ရွှေကဲ့သို့ အဖိုးတန် တွင်းထွက်များကို ငွေကြေးအဖြစ်အစားထိုးခဲ့ကြသည်။ ငွေစက္ကူ သည် လိုချင်သလောက် ရိုက်ထုတ်၍ ရသည်ဖြစ်ရာ ရွှေ ၊ ငွေတို့ နှင့် တန်ဖိုးချင်း တန်းတူ ရည်တူ သတ်မှတ်ထားလို့ မရနိုင်ပါချေ ။
 
         ဟိုက်ပါအင်ဖလေးရှင်းသည် ယေဘုယျသဘောတရားအားဖြင့် ရွှေ ဈေးနုန်းကို မြင့်တက်စေသည်။ ငွေကြေးဖောင်းပွမှု အနည်းငယ် ၊ မစိုစလောက်ဘဲ ရှိသော အခြေအနေမျိုးမှာ ရွှေကို ဝယ်စုခြင်းက အကျိုးနည်းနိုင်သော်လည်း ငွေကြေးဖောင်းပွမှု အလွန်အကျွံ ဖြစ်ပေါ် နေချိန် ရွှေ ဝယ်စုထားခြင်းသည် ဆုံးရှုံးမှု ကို ကာကွယ်နိုင်ရုံသာမက ပြည့်စုံသော ရင်းနှီးမြုပ်နှံမှု တစ်ရပ်လည်းဖြစ်မည်။ ဟိုက်ပါအင်ဖလေးရှင်းဖြစ်လာလျှင် နိုင်ငံသုံးငွေကြေးအပေါ် ယုံကြည်မှု လျော့ပါးစေပြီး အဖိုးတန်တွင်းထွက်များ ၊ ပိုမို ခိုင်မာသော နိုင်ငံခြားငွေကြေးများနှင့် အိမ်ယာမြေ များအပေါ် Safe haven ဝယ်စုခြင်း ဖြစ်စေသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် ၁၉၇၀ ခုနှစ်ဝန်းကျင်တုန်းက ငွေကြေးဖောင်းပွမှု ၂ ဆ မြင့်တက်ခဲ့စဉ် ရွှေဈေးနုန်းမြင့်တက်ခဲ့ဖူးသည်။
 
(13. 7. 2018 တုန်းက တင်ဖူးသည့် ပိုစ့်ကို ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။)
13. 8. 2022