
ထိုင်ဝမ်အရေးနဲ့ ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့ နှစ်နိုင်ငံအကြား ပဋိပက္ခ ဖြစ်မှု ပိုမိုပြင်းထန်လာခဲ့ပါက ၎င်းတို့ နှစ်နိုင်ံစလုံး စီးပွားရေး နစ်နာ ဆုံးရှုံးမှုတွေ များစွာ ရှိလာနိုင်ပါသည်။ အကယ်၍ ထိုင်ဝမ်ကို တရုတ်တို့ကျူးကျော် သိမ်းပိုက် လိုက်မည်ဆိုလျှင် အမေရိကန် နှင့် တရုတ်နိုင်ငံတို့ရဲ့ GDP နှုန်းတွေ-5% ထက်မနည်း ထိုးကျသွားနိုင်ကြောင်း Rand ကော်ပိုရေးရှင်းမှ ခန့်မှန်းသုံးသပ်ထားပါသည်။
၎င်း နှုန်းဟာ 2009 ခုနှစ် တုန်းက great recession ဖြစ်တုန်းက GDP ကျဆင်းမှုနှုန်းထက် နှစ်ဆ ပိုများမည်လည်း ဖြစ်သည်။ ၎င်းကာလတုန်းက ဆိုရင် အမေရိကန် S&P 500 စတော့ညွှန်းကိန်းက အကျနှုန်း -55% အထိ ရှိခဲ့ပြီး global စတော့စျေးကွက်ကြီးက အကျများစွာ ရှိခဲ့ပါသည်။ ထို့ကြောင့် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်သိမ်းပိုက်လိုက်မည် ဆိုပါက စီးပွားရေး အကျတင်ဆိုးဝါးရုံတင် မက global စတော့စျေးကွက် crash ဖြစ်သွားနိုင်ခြေ အထိ ရှိသွားနိုင်ပါသည်။
အဘယ်ကြောင့် ဆိုသော် ကမ္ဘာပေါ်မှာ semiconductors ထုတ်လုပ်နိုင်မှု စုစုပေါင်း ရဲ့ 3 ပုံ 2 ပုံဟာ ထိုင်ဝမ်နိုင်ငံမှ ထုတ်လုပ်ခြင်း ဖြစ်သည်။ အရည်အသွေးမြင့် chips တွေကို လည်း ထိုင်ဝမ်က အများဆုံးထုတ်လုပ်ပြီး ကမ္ဘာ့စျေးကွက်မှာ 90% အထိ နေရာယူထားနိုင်တာလည်း ဖြစ်သည်။ တရုတ်က ထိုင်ဝမ်ဆီမှ chips များကိုလည်း များစွာ မှီခိုနေရပါသည်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ အမေရိကန် အတွက် ထိခိုက်မှု ကြီးကြီးမားမားဟူ၍များစွာ မရှိခဲ့ပေ။ အမေရိကန် နှင့် ရုရှားနိုင်ငံ တို့အကြား ကုန်သွယ်မှု တန်ဖိုးက တနှစ်လျှင် $36 ဘီလီယံ အထိ ရှိပြီး ယူကရိန်းနှင့် အမေရိကန် ကုန်သွယ်မှု တန်ဖိုးကတော့ တနှစ်လျှင် $4 ဘီလီယံ လောက်သာ ရှိပါသည်။
အမေရိကန် နှင့် ထိုင်ဝမ်တို့အကြား ကုန်သွယ်မှု တန်ဖိုးကတော့ တနှစ်လျှင် $114 ဘီလီယံ အထိ ရှိနေပြီးတော့ အမေရိကန် နှင့် တရုတ်တို့ ကုန်သွယ်မှု တန်ဖိုးကတော့ $657 ဘီလီယံ အထိ ရှိနေပါသည်။ ထို့ကြောင့် ထိုင်ဝမ် အရေးနှင့် ပတ်သက်ပြီး တင်းမာမှုတွေ၊ နှစ်ဖက်အပြန်အလှန် ပိတ်ဆို့မှုတွေ လုပ်ခဲ့မည်ဆိုပါက အမေရိကန် နှင့် တရုတ်တို့ဟာနှစ်ဖက်စလုံး ထိခိုက်မှု ကြီးစွာ ရှိသွားစေနိုင်ပါသည်။ စီးပွားရေး sanction လုပ်မှုတွေ ရှိလာပါက ထိခိုက်နစ်နာမှု တွေ ကြီးမားစေနိုင်သည်။
တရုတ်စီးပွားရေး၌ အဓိက လိုအပ်ချက်ကြီး 3 မျိုးဖြစ်သော Chips ၊ သဘာဝဓာတ်ငွေ့ နှင့် ရေနံ တို့ရဲ့ supply အား ပြတ်လပ်မှုမျိုးသာ ရှိသွားခဲ့မည်ဆိုပါက တရုတ်စီးပွားရေးဟာ ပြိုလဲမှုဖြစ်စဉ်သို့လျှင်မြန်စွာနဲ့ ဦးတည်သွားစေနိုင်ပါလိမ့်မည်။
15. 8. 2022