အသက် 100 နားကပ်နေပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံး Investor ကြီး Charlie Munger 

Charli

 
       စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်ကတော့ လူတိုင်းနှင့် ရင်းနှီးပြီးသား ဖြစ်သော်လည်း ဝါရင်းဘတ်ဖက်ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ အရင်းခေါက်ခေါက်ကြီးဖြစ်သူ ချာလီမန်ကာ ကိုတော့ သိပ်မရင်းနှီးကြပေ။
 
     ဝါရင်းဘတ်ဖက်နှင့် ချာလီမန်ကာတို့ဟာ နှစ်ပေါင်း 50 ကျော် ကြာသည့်တိုင် လုပ်ငန်းအတူတွဲလုပ်နေကြသည့် မိတ်ဆွေရင်းကြီးတွေ ဖြစ်ကြသည်။ ချာလီဟာ လက်ရှိမှာ ဝါရင်းဘတ်ဖက်ရဲ့ ကုမ္ပဏီ ဖြစ်သော Berkshire Hathaway ရဲ့ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
 
     ချာလီမန်ကာသည် 1924 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့မှာ မွေးဖွားခဲ့သူ ဖြစ်သောကြောင့် လက်ရှိမှာ အသက် 99 နှစ် နဲ့ 4 လ ရှိနေပြီလည်း ဖြစ်ပါသည်။ အသက် 100 ပြည့်ဖို့ နီးနေပြီ ဖြစ်သော်လည်း Berkshire Hathaway ရဲ့ vice president အ​နေနဲ့​ကော၊ Mutual Fund Manager အဖြစ်နဲ့ပါ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုကို လုပ်​နေဆဲဖြစ်သည်။
 
     ချာလီဟာ ရင်းနှီးမြှုပ်နှံမှု ဂုရုကြီး ဘတ်ဖက်ရဲ့ သူငယ်ချင်းလည်း ဖြစ်သလို၊ သူကိုယ်တိုင်လည်း အောင်မြင်သော Investor ကြီးလည်း ဖြစ်ပါသည်။ သူရဲ့ ပေါ်ဖိုလီယိုဟာ ပျမ်းမျှ တနှစ်တာ အမြတ်ထွက်နှုန်း 19.8% အထိ ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်၍ စာအုပ်စာပေ ရေးသားမှုတွေ၊ ဟောပြောမှုတွေ များစွာ လုပ်ခဲ့ပြီလည်း ဖြစ်ပါသည်။ Poor Charlie's Almanack အမည်ရှိသော ရင်းနှီးမြှုပ်နှံမှု စာအုပ် ကို ရေးသားသူ စာရေးဆရာကြီးလည်း ဖြစ်သည်။
 
     ချာလီမန်ကာရဲ့ Investor သက်တမ်းဟာ 61 နှစ်အထိ ရှိပြီ ဖြစ်တာကြောင့် အတွေ့အကြုံကောင်းများစွာ ထူးထူးကဲကဲ ပိုင်ဆိုင်ထားပြီးလည်း ဖြစ်သည်။ လူငယ်အရွယ်မှာ ဒုတိယ ကမ္ဘာစစ်ကို ကြုံခဲ့ဖူးပြီး အခက်အခဲ အကြပ်အတည်းများစွာထဲမှ ရုန်းထွက်နိုင်ခဲ့သူလည်း ဖြစ်ကာ လက်ရှိမှာ သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုတန်ဖိုးက ဒေါ်လာ 2.4 ဘီလီယံ အထိရှိနေပါသည်။
 
     အသက် 100 နား နီးနေပေမယ့်လည်း စကားကို ကောင်းစွာ ပြောဆိုနိုင်သည့် အပြင် စျေးကွက်ရေးရာ သုံးသပ်ချက်တွေ၊ စီးပွားရေး သုံးသပ်ချက်တွေ ဟောပြောနိုင်နေသေးတာကြောင့် မနေ့တနေ့ကတောင် CNBC သတင်းဌာန နှင့် အင်တာဗျူး အမေးအဖြေ လုပ်ထားပါသေးသည်။
 
     မိတ်ဆွေဟာ ပညာရပ်တခုခုကို လေ့လာဖို့ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ ကိုယ့်ကိုကိုယ် အသက်ကြီးနေပါပြီ၊ နောက်ကျနေပါပြီဟု ထင်နေလျှင် မိတ်ဆွေရဲ့ အတွေး မှားနေပြီဟု မှတ်ယူလိုက်သင့်သည်။ အသက် 100 နားနီးနေသည့် အဖိုးအိုတယောက်တောင်မှ စတော့ ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ပြီး စျေးကွက်ရေးရာ အဖြာဖြာကို လေ့လာ သုံးသပ်မှု လုပ်နိုင်သေးတာကို အတုယူသင့်ပါသည်။
 
     ရင်းနှီးမြုပ်နှံမှု လုပ်ခြင်းဟာ အသက်အရွယ် ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာ ရောက်ရောက်၊ ဘယ်အချိန်မျိုးမဆို လုပ်လို့ရနိုင်တာမျိုးလည်း ဖြစ်ပါသည်။ ချာလီမန်ကာ ရဲ့လုပ်​ဖော်ကိုင်ဖက်ဖြစ်တဲ့ ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံမှု ဂုရုကြီးဝါရင်းဘတ်ဖက် ဆိုရင်လည်း လက်ရှိ အသက် 92 နှစ် ရောက်နေတာတောင် ရင်းနှီးမြှုပ်နှံမှု လုပ်နေဆဲလည်းဖြစ်ပါသည်။
 
1. 5. 2023
Category: