ရင်းနှီးမြှုပ်နှံမှုမှာ နောက်ကျတယ်ဆိုတာ မရှိ 

warren
 
       စတော့ဂုရုကြီး ဝါရင်းဘတ်ဖက်၏ ချမ်းသာကြွယ်ဝမှုတန်ဖိုး စုစုပေါင်း ရဲ့ 99% ခန့်ဟာ သူရဲ့ အသက် 50 ကျော်လာခဲ့ပြီးနောက်ပိုင်းမှ ပိုင်ဆိုင်ရယူနိုင်မှု ရှိခဲ့ကြောင်း ပုံ၌ ဖော်ပြထားပါသည်။
 
      ဝါရင်းဘတ်ဖက်ဟာ လက်ရှိ အသက် 92 နှစ် ရှိနေပြီဖြစ်ပြီး Berkshire Hathaway ကုမ္ပဏီကြီးကို ဦးစီးနေဆဲဖြစ်သည်။ လက်ရှိအချိန်ထိ နေ့စဉ် သတင်းစာဖတ်လေ့ရှိပြီး ရင်းနှီးမြှုပ်နှံမှု ပညာရပ်များနှင့် အဆက်မပြတ်စေဘဲ လေ့လာဆည်းပူး အသုံးချလျက် ရှိနေသည်။
 
      ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှု ပညာရပ်တွေကို လေ့လာလိုသည်ဖြစ်စေ အသက်အရွယ်အားဖြင့် နောက်ကျတယ်ဆိုတာ မရှိပေ။
 
      စာရေးသူ၏ သင်တန်းပို့ချခဲ့သည့် ကာလတလျှောက်လုံးမှာ Trading, Investing ပညာရပ်တွေကို လာရောက်လေ့လာ၊ တက်ရောက်ခဲ့သည့် အသက် 50 ကျော် ၊ 60 ကျော် ပုဂ္ဂိုလ်များကိုလည်း ကြုံတွေ့ဖူးပြီး အသက်အရွယ်ကို ပဓာနမထား၊ လေ့လာသင်ယူချင်သေးသည့် စိတ်ဓာတ်က တကယ့်ကိုမှ လေးစားအတုယူဖွယ် ဖြစ်ပါသည်။
 
      လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး သူ​ဋ္ဌေးကြီးတွေရဲ့ အမည်နှင့် အသက်အရွယ်တို့ကို တွဲ၍ အောက်၌ ဆက်လက် ဖော်ပြပေးလိုက်ပါသည်။
 
1. Bernard Arnault အသက် 73 နှစ်
 
2. Elon Musk အသက် 51 နှစ်
 
3. Gautam Adani အသက် 60 နှစ်
 
4. Jeff Bezos အသက် 58 နှစ်
 
5. Bill Gates အသက် 67 နှစ်
 
6. Warren Buffet အသက် 92 နှစ်
 
7. Larry Ellison အသက် 78 နှစ်
 
8. Mukesh Ambani အသက် 65 နှစ်
 
9. Carlos Slim Helu အသက် 82 နှစ်
 
10. Steve Ballmer အသက် 66 နှစ် တို့ ဖြစ်ကြသည်။
 
25. 1. 2023
Category: