
ကမ္ဘာကျော် luxury အသုံးအဆောင် ပစ္စည်း တွေ ထုတ်လုပ်သော Louis Vuitton အမှတ်တံဆိပ်ရဲ့ LVMH ကုမ္ပဏီဟာ မနေ့က တနင်္လာနေ့မှာတော့ ရှယ်ယာစျေးအတက်ကြောင့် ကုမ္ပဏီ စျေးကွက်အရင်းပြုတန်ဖိုးဟာလည်း ယူရို 454 ဘီလီယံ (ဒေါ်လာ 500.3 ဘီလီယံ) အထိ ရောက်ရှိခဲ့သည်။
ဥရောပ သမိုင်းမှာ ကုမ္ပဏီစျေးကွက်အရင်းပြုတန်ဖိုး ဒေါ်လာ 500 ဘီလီယံ အထိ ပထမဦးဆုံး ရှိလာသော ကုမ္ပဏီ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါသည်။ နာမည်ကြီး အလှကုန် အမှတ်တံဆိပ်ဖြစ်သည့် L'Oreal ကုမ္ပဏီထက် နှစ်ဆနီးပါး တန်ဖိုးပိုကြီးသွားပြီလည်း ဖြစ်သည်။
LVMH ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ စျေးကွက်အရင်းပြုတန်ဖိုးအများဆုံး၊ တန်ဖိုးအကြီးဆုံး ကုမ္ပဏီများစာရင်း၌ နံပါတ် 10 အထိ ရောက်ရှိလာခဲ့ပြီလည်း ဖြစ်သည်။
LVMH ကုမ္ပဏီကြီးရဲ့ တည်ထောင်သူဖြစ်သည့် အသက် 74 နှစ်အရွယ် ဘီလျံနာကြီး Bernard Arnault ရဲ့ ချမ်းသာကြွယ်ဝမှုတန်ဖိုးကလည်း ဒေါ်လာ 212 ဘီလီယံ အထိ မြင့်တက်ကာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 နေရာ၌ ရပ်တည်လျှက် ရှိနေပါသည်။
2023 ခုနှစ် ပထမသုံးလပတ်ကာလ အတွင်း၌ LVMH ကုမ္ပဏီရဲ့ အမြတ်ဝင်ငွေဟာ +17% ကျော် အထိ မြင့်တက်မှု ရှိခဲ့ပြီး တချိန်တည်းသော ကာလမှာပင် LVMH ရှယ်ယာစျေးကလည်း +29% အထိ မြင့်တက်မှု ရှိခဲ့ပါသည်။
ပြီးခဲ့တဲ့ 2022 ခုနှစ်ထဲမှာ LVMH ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ရောင်းချရမှုနှုန်းဟာ အမေရိကတခွင်မှာ 27% နှင့် အာရှဘက်မှာ (ဂျပန်မပါ) 30% နှုန်းရောင်းချနိုင်ခဲ့သည်။ တရုတ်နိုင်ငံက Zero- covid ပေါ်လစီ ကျင့်သုံးခဲ့ရာကနေ ပြန်ဖြည်လျှော့ခဲ့ပြီးတဲ့ နောက်ပိုင်း အာရှဘက်မှာ ၎င်းကုမ္ပဏီရဲ့ရောင်းအားပိုတက်လာစေခဲ့သည်။ ပြီးခဲ့တဲ့ Q1 ကာလထဲမှာတင် အာရှရောင်းအားက (ဂျပန်မပါ) 14% အထိ တဟုန်ထိုး မြင့်တက်မှု ရှိခဲ့ပြီး အမေရိကဘက်မှာတော့ 8% မြင့်တက်ခဲ့ပါသည်။
25. 4. 2023