
လက်ရှိ ကာလမျိုး၌ စွမ်းအင်ကုမ္ပဏီတွေအတွက်တော့ လက်ဖျား ငွေသီးနေကြသည့် အနေအထားမျိုး၌ ရှိနေကြပါသည်။ အမေရိကန်ဗဟိုဘဏ် အပါ အဝင် ကမ္ဘာ့နိုင်ငံများတို့ရဲ့ ဗဟိုဘဏ်တွေက ငွေကြေးပေါ်လစီတင်းကြပ်မှု လုပ်ကြခြင်းနှင့် စီးပွားရေးအကျ၊ စွမ်းအင်အကြပ်အတည်းသင့် အနေအထားမျိုးတို့ကြောင့် စတော့ဈေးကွက်၌ တခြားသော လုပ်ငန်းကဏ္ဍဘက်မှ စတော့တွေအများစုတို့က အကျဘက်သို့ ဆင်းနေကြသော်လည်း စွမ်းအင်ကုမ္ပဏီတွေရဲ့ စတော့တွေကတော့ ကုမ္ပဏီ ဝင်ငွေ အမြတ် များစွာ ရရှိခဲ့ကြတာကြောင့် ၎င်းတို့ရဲ့စတော့တွေက အတက်ရှိနေကြပါသည်။
အမြတ်ဝင်ငွေကောင်းသောကြောင့် စတော့စျေးများ အတက်ဘက်၌ ရှိနေကြပြီး ၎င်းတို့ရဲ့ ဈေးကွက်အရင်းပြုတန်ဖ်ိုးတွေကလည်း များစွာ မြင့်တက်လာကြပါသည်။ စွမ်းအင်ကုမ္ပဏီကြီးတွေရဲ့ ဈေးကွက်အရင်းပြုတန်ဖိုးအလိုက် တန်းစီမှု၌ ဆော်ဒီရဲ့ Saudi Aramco က ထိပ်ဆုံး၌ ရှိနေပါသည်။
ဆော်ဒီရဲ့ Aramco ကုမ္ပဏီဆိုရင် ပြီးခဲ့တဲ့ Q2 ကာလထဲ၌ net income က 90% အထိ မြင့်တက်ခဲ့ပြီး၊စုစုပေါင်းပမာဏ $48.4 ဘီလီယံအထိ ရှိခဲ့သည်။ ၎င်းအမြတ်ဝင် ငွေပမာဏဟာ ကုမ္ပဏီရဲ့ သက်တမ်းတလျှောက် အများဆုံးတန်ဖိုး အဖြစ်လည်း စံချိန်တင်ခဲ့ပါသည်။
စွမ်းအင်ကုမ္ပဏီကြီးများကို စျေးကွက် အရင်းပြုတန်ဖိုးအလိုက် ကြည့်ပါက
1. ဆော်ဒီအာရေးဗီးယားမှ Saudi Aramco ကုမ္ပဏီ ကတော့ စျေးကွက်အရင်းပြန်တန်ဖိုး ဒေါ်လာ 2.3 ထရီလီယံဖြင့် ကမ္ဘာ့ နံပါတ် 1 စွမ်းအင် ကုမ္ပဏီကြီး အဖြစ် ရှိနေပါသည်။
2. အမေရိကန်နိုင်ငံမှ Exxon Mobil ကုမ္ပဏီကတော့စျေးကွက်အရင်းပြုတန်ဖိုး $412.9 ဘီလီယံ ဖြင့် နံပါတ် 2 နေရာ၌ ရှိနေပါသည်။
3. အမေရိကန်မှ Chevron ကုမ္ပဏီ ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $322.2 ဘီလီယံ
4. ဗြိတိန်မှ Shell ကုမ္ပဏီ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $199.3 ဘီလီယံ
5. တရုတ်နိုင်ငံမှ PetroChina ကုမ္ပဏီ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $145.5 ဘီလီယံ
6. အမေရိကန်မှ ConocoPhillips ကုမ္ပဏီ ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $142.6 ဘီလီယံ
7. ပြင်သစ်နိုင်ငံမှ TotalEnergies ကုမ္ပဏီ ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $138.7 ဘီလီယံ
8. နော်ဝေမှ Equinor ကုမ္ပဏီ ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $131.6 ဘီလီယံ
9. ဗြိတိန်မှ BP ကုမ္ပဏီ ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $102.7 ဘီလီယံ
10. ဘရာဇီးမှ Petrobras ကုမ္ပဏီ ၏ စျေးကွက် အရင်းပြု တန်ဖိုးကတော့ $95.0 ဘီလီယံ စသဖြင့်
စျေးကွက် အရင်းပြုတန်ဖိုး အများဆုံးဖြင့် ထိပ်တန်း စွမ်းအင် ကုမ္ပဏီ 10 ခုတို့ အဖြစ်ရှိနေကြပါသည်။
26. 8. 2022