
The Big Short ဇာတ်လမ်းဟာ 2008 ခုနှစ် Financial Crisis ကာလကို အခြေခံပြီး ၎င်း ပျက်ကပ်မှာ ဒေါ်လာသန်းရာချီ အကျိုးအမြတ် ရယူနိုင်ခဲ့တဲ့ Hedge Fund Manager ကြီး Micheal Burry ရဲ့ စျေးကွက်အပေါ် ကြိုတင်သုံးသပ်နိုင်မှုနှင့် ဘယ်လိုအကျိုးအမြတ်ရှာနိုင်ခဲ့သလဲ ဆိုတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားသော ဇာတ်ကားဖြစ်ပါသည်။ Financial System ကို Collapse ဖြစ်စေနိုင်သည့် အကြောင်းရင်းကိုလည်း ပညာပေးသဖွယ် ရိုက်ကူးထားသည် ဖြစ်ရာ ဘဏ္ဍာရေးစျေးကွက်ကို လေ့လာချင်သူတွေ အတွက် ကြည့်သင့် လေ့လာသင့်သည့် ပညာပေး ဇာတ်ကားကောင်း တခုဖြစ်သည်။
ဇာတ်ကားထဲမှာ ပါဝင်သည့် Financial Market Instruments တွေအနက် အများဆုံး တွေ့ရတာကတော့ Fixed-income securities တွေ ဖြစ်သည်။ Subprime Mortgage Securities စျေးကွက်ပျက်ရာကနေ စပြီး Crisis ကြီး ဖြစ်တော့မှာကို ကြိုတင် သုံးသပ်နိုင်ခဲ့သည့် ဇာတ်လိုက် Micheal Burry က CDS (Credit Default Swap) တွေကို ကြိုတင် ဝယ်ယူထားကာ အကျိုးအမြတ် ရှာနိုင်ခဲ့ခြင်းဖြစ်သည်။
အဲဒီထဲက Financial Instruments တွေထဲမှာ CDS, CDO, CMO တွေ နှင့် Tranches တွေ စသဖြင့် နားလည်နိုင်ဖို့ဆိုတာ ဘွန်းစျေးကွက်ကို သေချာ လေ့လာထားသူမှ နားလည်နိုင်လိမ့်မည် ဖြစ်သည်။ ဒါကြောင့် ဘွန်း အခြေခံကနေ စတင် လေ့လာကြပါစို့။
"Bonds (သို့မဟုတ်) Fixed-income securities"
ဘဏ္ဍာရေး စျေးကွက် (Financial Markets) တွေ ထဲမှာဆိုရင် စတော့ရှယ်ယာစျေးကွက်၌ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်းကို Equity Investment ဟု ဆိုကြပြီး ဘွန်း ငွေချေးစာချုပ်များ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်းကို Debt Investment ဟု ခေါ်ဆိုကြပါသည်။
ဘွန်း ငွေချေးစာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မည်ဆိုလျှင် အရင်ဦးဆုံး ဘွန်းရဲ့ ဝိသေသလက္ခဏာများကို နားလည်ထားဖို့လိုသည်။ အဲဒါတွေကတော့ Issuer, Principal, Maturity, Coupon, Lender, Seniority, Contingency Provisions စသဖြင့် တခုချင်းစီအလိုက် ဆက်လက်လေ့လာသွားကြမည်။
(1) Issuer
ဘွန်းတွေကို ထုတ်ရောင်းသူကို Issuer သို့မဟုတ် Borrower ဟု ခေါ်ပါသည်။ Issuer တွေဟာ အစိုးရ တွေ အပြင် ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေလည်း ရှိနိုင်သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ဘွန်းစျေးကွက်ကို ကြည့်ရင်တော့ အစိုးရ Issuer တွေကသာ အများဆုံး ဘွန်းထုတ်ဝေ ရောင်းချ ကြပါသည်။
အစိုးရက ထုတ်သည့် ဘွန်းငွေချေးစာချုပ်တွေကို "Government Bond" ၊
ပြည်နယ်/ တိုင်းဒေသ အလိုက် သက်ဆိုင်ရာ ဌာနတွေက ထုတ်တဲ့ ဘွန်းစာချုပ်တွေကို "Municipal Bond"၊
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့လို အဖွဲ့အစည်းမျိုးမှ ထုတ်သည့် ဘွန်းစာချုပ်တွေကိုတော့ "Supranational Bond"၊
စီးပွားရေးလုပ်ငန်းတွေက ထုတ်တဲ့ ဘွန်းစာချုပ်တွေကို "Corporate Bond" စသဖြင့် အမျိုးအစားခွဲနိုင်သည်။
(2) Principal
ဘွန်းတွေကို ထုတ်ဝေရောင်းချတဲ့အခါ တစောင်ကို မျက်နှာစာတန်ဖိုး ဘယ်လောက်နှင့် ရောင်းချမှာလည်း ဆိုတာ သတ်မှတ်ပြီးမှ ရောင်းချရပါသည်။ ၎င်း မျက်နှာစာတန်ဖိုးကို Principal (သို့မဟုတ်) Face Value (သို့မဟုတ်) Par ဟူ၍ ခေါ်ဆိုနိုင်သည်။ ဥပမာ - ဘွန်းတစောင်ကို Par တန်ဖိုး $100 ဖြင့် ထုတ်ဝေရောင်းချထားမည် ဆိုပါစို့။ Investor တယောက်က ဘွန်းတစောင်ကို ဝယ်ယူချင်သည့် အခါ $100 ဖြင့် ဝယ်ယူရမည်ဖြစ်သည်။
(3) Maturity
ဘွန်း ငွေချေးစာချုပ်တွေကို ထုတ်ရောင်းသည့်အခါ သက်တမ်းအလိုက် ထုတ်ဝေရောင်းချကြသည်။ ဥပမာ 10 နှစ် သက်တမ်း ဆိုပါက ထုတ်ဝေလိုက်ပြီးနောက် 10 နှစ်အကြာမှ Issuer တွေက Repayment ပြန်လုပ်ပေးမည် ဖြစ်သည်။ 1 နှစ် နှင့် 1 နှစ် သက်တမ်းအောက် ငွေချေးစာချုပ်တွေကို Money Market Securities တွေဟု ခေါ်ဆိုပြီး Money Market ထဲမှာ အရောင်းအဝယ်လုပ်ကြပါသည်။ 1 နှစ်အထက် သက်တမ်း ဆိုရင်တော့ Capital Market ထဲမှာ အရောင်းအဝယ်လုပ်ကြပါသည်။ သက်တမ်းအားဖြင့် မသတ်မှတ်ထားဘဲ ရာသက်ပန် Coupon ပဲ ပေးသွားမည့် Perpetual Bond ဆိုပြီးလည်း ရှိသေးသည်။
(4) Coupon (Bond Interest)
ဘွန်းစာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံထားရင် ရရှိမည့် အတိုးနှုန်းကို Coupon ဟု ခေါ်ပါသည်။ Coupon ပေးရာ၌ Par ရဲ့ ရာခိုင်နှုန်း တစိတ်တပိုင်းအားဖြင့် ပေးလေ့ရှိကြသည်။ ဥပမာ - 10% of Par ဆိုရင် ၊ Par တန်ဖိုး $100 ရဲ့ 10% ဆိုတော့ ကူပွန်တန်ဖိုး $10 ဖြစ်မည်။ ပုံမှန်အားဖြင့်တော့ ဘွန်းရဲ့ Maturity မပြည့်ခင် ကြားကာလတွေမှာ Coupon ကို သတ်မှတ်ကာလအလိုက် Issuer တွေက Bond Holder တွေကို ပေးပေးသွားရတာမျိုး ဖြစ်သည်။ အဲဒါကို "Straight Bond" တွေလို့ ပြီး ဘွန်းစျေးကွက်တွေထဲမှာ အတွေ့ရ အများဆုံး ဘွန်းအမျိုးအစားဖြစ်သည်။
Nang Kham Thiri Oo, [12/17/2025 4:24 PM]
Coupon မပေးဘဲ Discount နှုန်းဖြင့် ရောင်းချသည့် "Zero-coupon bond" ပုံစံလည်း ရှိပါသည်။ Zero-coupon bond တွေကို "Pure Discount Bond" ဟုလည်း ခေါ်ဆိုနိုင်သည်။ စတင်ရောင်းချသည့်နေ့မှာ Par တန်ဖိုးအောက် လျှော့ရောင်းပြီး Maturity ရောက်တဲ့နေ့မှာ Par တန်ဖိုး အပြည့်အဝ Repayment လုပ်ပေးတာမျိုး ဖြစ်သည်။ ဥပမာ - စတင် ထုတ်ရောင်းသည့်နေ့မှာ Bond ရဲ့ တန်ဖိုး Present Value က $95 ဖြင့် ရောင်းပြီး Maturity ပြည့်သည့်နေ့မှာ $100 ပြန်ပေးတာမျိုး ဖြစ်ပါသည်။
(5) Bond Holder (Lender)
ဘွန်းကို ဝယ်ယူရင်းနှီးမြှုပ်နှံသူတွေဟာ Bond Holder တွေ အဖြစ် ရှိမည်။
တဦး တယောက်သော Individual Investor တွေ၊
ဘဏ်တွေ (Banks)၊
ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးတွေ (Investment Banks)၊
စီးပွားရေးလုပ်ငန်းစုကြီးတွေ (Corporations) ၊
ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့အစည်းကြီးတွေ (Financial Institutions - ETFs, Mutual Funds, Hedge Funds)
စသဖြင့် Bond Holder တွေ အဖြစ် ရှိနိုင်ကြသည်။ Bond Holder တွေဟာ ချေးငှားပေးသူ သို့မဟုတ် မြီရှင် (Lender) တွေလည်း ဖြစ်ပါသည်။
(6) Seniority
ဘွန်းတွေ ထုတ်ဝေတဲ့အခါမှာ ဦးစားပေးအဆင့်အလိုက် ထုတ်လေ့ရှိကြသည်။ Junior Debt ဆိုရင် Senior Debt ထက်အဆင့်နိမ့်သည်။ အကယ်၍ Maturity နေ့ရက်စေ့သော် ဘွန်း Issuer သည် အကြောင်းအမျိုးမျိုးကြောင့် ကြွေးပြန်ဆပ်ရန် ငွေကြေး အကြပ်အတည်း ဖြစ်နေပါက Senior ဘွန်းဝယ်ထားသူတွေကို ဦးစားပေး ဆပ်ပြီးတော့ Junior ဘွန်း ဝယ်ထားသူတွေကိုတော့ ပြန်ပေးမယ့်ရက် ရွေ့ဆိုင်းတာမျိုး ၊ အပြည့်အဝ ပြန်မပေးနိုင်တာမျိုး၊ Coupon တွေ မပေးတော့တာမျိုး ရှိသွားနိုင်သည်။ အဲဒါကို Credit Risk ဟု ခေါ်သည်။
အကယ်၍ Junior သမားတွေကို Principal ပါ လုံးဝပြန်မပေးနိုင်တော့ပါက Default Risk ဖြစ်ပြီး ကြွေးဆုံးမည် ဖြစ်သည်။
(7) Contigency Provisions
တချို့သော Issuer တွေဆိုရင် ဘွန်းစာချုပ်တွေကို ထုတ်ဝေရောင်းချထားပြီးနောက်ဆက်တွဲ ပြဌာန်းချက်တွေ ရှိနိုင်သည်။ အဲဒီလို ဘွန်းတွေကို "Embedded Option" ပါရှိတဲ့ ဘွန်းတွေ အဖြစ် ခေါ်ဆိုနိုင်သည်။
ဘွန်း ထုတ်ရောင်းပြီးနောက်ပိုင်း Maturity မပြည့်ခင်မှာ သက်တမ်း အားဖြင့် ဘယ်နှနှစ်နေရင် Issuer မှ Bond Holder တွေ လက်ထဲကနေ ပြန်လည်ဝယ်ယူနိုင်သည်ဟူ သော ပြဌာန်းချက်ပါရှိသည့် ဘွန်းကို "Call Option" ပါသည့် ဘွန်း "Callable Bond" ဟု ခေါ်သည်။
ဘွန်း ထုတ်ရောင်းပြီးနောက်ပိုင်း Maturity မပြည့်ခင်မှာ သက်တမ်း အားဖြင့် ဘယ်နှနှစ်နေရင် Bond Holder တွေဟာ Issuer တွေ လက်ထဲသို့ ပြန်ထိုးရောင်းပေး နိုင်သည်ဟူ သော ပြဌာန်းချက်ပါရှိသည့် ဘွန်းကို "Put Option" ပါသည့် ဘွန်း "Putable Bond" ဟု ခေါ်သည်။
တချို့ ကော်ပိုရေးရှင်းတွေက ထုတ်ဝေထားပြီးသား ဘွန်းတွေကို ၎င်းတို့ ကုမ္ပဏီ ရှယ်ယာနှင့် ပြန်လဲလှယ်ခွင့်ပေးတာမျိုးလည်း ရှိသည်။ အဲဒါကိုတော့ "Convertible Bond" ဟု ခေါ်သည်။ အဲဒီပုံစံကို Venture Company တွေမှာ တွေ့ရနိုင်သည်။ လုပ်ငန်းသစ်တခုကို စတင်တည်ထောင်တဲ့အခါ မတည်ရင်းနှီးငွေဖြည့်တင်းဖို့ ဘွန်းတွေ ထုတ်ရောင်းလိုက်ပြီးနောက် လုပ်ငန်းအခြေတည်ကာ Cash Flow ကောင်းလာပြီဆိုတဲ့အခါမှာ ဘွန်းတွေကို Equity အဖြစ် ပြန်လဲပိုင်ခွင့်ပေးတာမျိုး ဖြစ်သည်။ နဂိုမူလ Bond Holder တွေဟာ ပုံသေ အတိုးနှုန်း (Coupon) ပဲ ရရာကနေ Equity (စတော့ရှယ်ယာ) ပိုင်သွားတာဖြစ်လို့ လုပ်ငန်းတိုးတက်အောင်မြင်ချိန်၌ စတော့စျေးထိုးတက်သည့်အခါ အကျိုးအမြတ်ဖြစ်ထွန်းမှုများစွာ ရနိုင်သော အခွင့်အရေး ရှိနိုင်မည် ဖြစ်သည်။
Embedded option မပါရှိသည့် ဘွန်းအမျိုးအစားမှန်သမျှကို Straight Bond (သို့မဟုတ်) Option-free Bond ဟုလည်း ခေါ် ဆိုနိုင်သည်။
ဤ စာစုမှာတော့ အခြေခံနှင့်တင် စာရှည်နေပြီ ဖြစ်သောကြောင့် ပိုမိုရှုပ်ထွေးတဲ့ Fixed Income Securities တွေကို နောက်ဆက်တွဲ အပိုင်းခွဲ၍ မျှဝေပေးပါအုံးမည်။
#NangKhamThiriOo
16. 12. 2025