အမေရိကန် ငွေတိုက်စာချုပ်တွေ လက်ဝယ်ထားရှိမှုကို လျော့ချလိုက်တဲ့ တရုတ်

 

ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရုတ်နိုင်ငံရဲ့ အမေရိကန် Treasury bond တွေ လက်ဝယ်ထားရှိမှု ပမာဏဟာ 12 နှစ်တာ ကာလအတွင်း အနိမ့်ဆုံးပမာဏ အထိ လျှော့ချမှု ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့က US Treasury Department မှ ထုတ်ပြန်သည့် စာရင်းအရ သိရှိရပါသည်။

ပြီးခဲ့တဲ့ ဧပြီလထဲ၌ တရုတ်နိုင်ငံဟာ အမေရိကန် treasuries တွေ လက်ဝယ်ထားရှိမှုနှုန်းဟာ 3.5% (တန်ဖိုးအားဖြင့် ဒေါ်လာ 1.003 ထရီလီယံ) အထိ လျှော့ချမှု ရှိခဲ့ပြီး 2010 ခုနှစ် မေလနောက်ပိုင်း အနိမ့်ဆုံး Level အထိ လျှော့ချခဲ့ခြင်းလည်း ဖြစ်ပေသည်။

နှစ်အလိုက် အခြေခံနှုန်းမှာဆိုရင် 8.5% အထိ လျော့ကျမှု ရှိပြီး တန်ဖိုး အားဖြင့် ဒေါ်လာ 1.096 ထရီလီယံ အထိကို လျော့ကျမှု ရှိခဲ့ပါသည်။

လက်ရှိအချိန်၌ အမေရိကန် treasuries တွေ လက်ဝယ်ကိုင်ဆောင် ထားရှိမှု အများဆုံးနိုင်ငံကတော့ ဂျပန်နိုင်ငံပင် ဖြစ်သည်။ ဂျပန်ကတော့ US Treasuries လက်ဝယ်ထားရှိမှု တန်ဖိုး ဒေါ်လာ 1.218 ထရီလီယံ အထိ ရှိထားသည်။ ဒါတောင် ပြီးခဲ့တဲ့ ဧပြီလထဲမှာ လျှော့ချမှုနှုန်း 1.1% ရှိထားခဲ့ပါသေးသည်။

US Treasury Department ရဲ့နောက်ဆုံးထွက် စာရင်းအရ နိုင်ငံခြား တိုင်းပြည်များမှ အမေရိကန် treasuries လက်ဝယ်ထားရှိမှုတန်ဖိုး စုစုပေါင်း ဒေါ်လာ 7.455 ထရီလီယံ အထိ ရှိနေကြောင်း သိရှိရပါသည်။

 

NangKhamThiriOo
20. 6. 2022

Category: