
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ကမ္ဘာရွှေစျေးဟာ တရက်တာ အတက်နှုန်း +2% အထိ ရှိခဲ့ပါသည်။ သောကြာနေ့တုန်းက အမေရိကန်ရဲ့ ဖေဖော်ဝါရီလ အတွက် Nonfarm Payrolls ဒေတာ၌ အလုပ်အကိုင် အရေအတွက် 311,000 တိုးတက်မှု ရှိခဲ့ပြီး အလုပ်လက်မဲ့နှုန်းကတော့ 3.6% မြင့်တက်မှု ရှိခဲ့ပါသည်။ NFP ဒေတာမတိုင်ခင် မတ်လ 8 ရက်နေ့တုန်းက Fed ဗဟိုဘဏ် ဥက္ကဋ္ဌ Powell ရဲ့ ကွန်ကရက် လွှတ်တော်မှာ ကြားနာမှုခံယူပွဲ ရှိခဲ့ပြီး Powell က လာမည့် ဗဟိုဘဏ် အစည်းအဝေးတွေမှာ အတိုးနှုန်း ဆက်တိုးနိုင်ခြေ ရှိကြောင်း Hawkish မှတ်ချက် ဆိုခဲ့သည်။ NFP ဒေတာ အကောင်းအညံ့ရောပြွန်းပြီး ထွက်ရှိလာသော်လည်း စျေးကွက်အာရုံဟာ လာမည့် မတ်လကုန် အစည်းအဝေး၌ အတိုးနှုန်း အခြေခံပွိုင့် 50 ပွိုင့် တိုးနိုင်ခြေ 70% ရှိနေပြီး 25 ပွိုင့် တိုးနိုင်ခြေ က 30% ရှိခဲ့သည်။ ဒေါ်လာ်ညွှန်းကိန်း 105.00 level အထက်မှာ ရှိခဲ့ပြီး ကမ္ဘာ့ရွှေစျေးနှုန်းက $1840 နားသာ အတက်အကျ ရှိနေခဲ့သည်။
NFP ဒေတာ ထွက်ပြီး တနာရီ အကြာမှာတော့ အမေရိကန် စတော့အိတ်ချိန်းတွေ ဖွင့်ချိန်ရောက်ပြီး SVB (Silicon Valley Bank) ရဲ့ ရှယ်ယာစျေးနှုန်း 60% ကျဆင်းမှု ရှိခဲ့ကာ အဓိက စတော့ညွှန်းကိန်းကြီးများဖြစ်ကြသည့် Dow Jones, S&P 500 နှင့် NASDAQ စတော့ညွှန်းကိန်းတွေ တို့ အကျရှိခဲ့ကြသည်။ SVB ဘဏ်ပြိုလဲနိုင်မှု သတင်းဆိုးကြောင့် crisis ဖြစ်ရပ်အလားအလာကို စိုးရိမ်ကြသော Investor တွေဟာ စတော့စျေးကွက်ထဲ လက်ရှောင်မှု လုပ်ကြပြီး ရွှေစျေးကွက်ထဲ ပြေးဝင်ခဲ့ကြသည်။ Fed ဗဟိုဘဏ် ရဲ့ မတ်လ အတိုးနှုန်း 50 bps တိုးနိုင်ခြေ စျေးကွက်ခန့်မှန်းနှုန်းက 68.3% အထိပြန်ကျခဲ့ပြီး 25 bps တိုးနိုင်ခြေက 31.7% ပြန်ရှိခဲ့သည်။ ၎င်း အနေအထားက ဒေါ်လာညွှန်းကိန်းကို 105 level အောက်ပြန်ကျစေပြီး ကမ္ဘာ့ရွှေစျေးကိုအတက်အားပေးအားမြှောက် ဖြစ်စေခဲ့ကာ $1870 စျေးတန်းအထိ အတက်အားပါသွားခဲ့ပါသည်။
SVB ဘဏ်ကြီးဟာ အမေရိကန်မှာ 16 ခုမြောက် အကြီးဆုံးဘဏ်လည်းဖြစ်သလို ၎င်းဘဏ်ကြီး ပြိုလဲမှု ဖြစ်ပါက 2008 Financial Crisis တုန်းက ဒေဝါလီခံခဲ့ရသည့် Lehman Brother ဘဏ်ပြိုလဲမှု ဖြစ်စဥ် နောက်ပိုင်း အဆိုးဝါးဆုံး ဘဏ်ပြိုလဲမှု ဖြစ်ရပ်ကြီး ဖြစ်လာစေနိုင်ပါသည်။ ၎င်းဂယက်ကြောင့် ဘွန်းစျေးကွက်မှာ Safe haven ဝင်မှု ရှိခဲ့ပြီး အမေရိကန် 10 နှစ်သက်တမ်း Treasury Yield ဟာ 3 ပတ်အတွင်း အနိမ့်ဆုံး အမှတ်အထိ ကျဆင်းမှု ရှိခဲ့ပါသည်။
SVB ဘဏ်ကြီးရဲ့ ရှယ်ယာတွေကို ကြောက်ရောင်း ရောင်းခဲ့ကြခြင်းက တခြားသော ဘဏ်ရှယ်ယာတွေမှာပါ ကွက်းဆက်လိုက်မှု ရှိစေခဲ့သည်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အမေရိကန် ရဲ့ နံပါတ် 1 ဘဏ်ကြီးဖြစ်သော J.P.Morgan ဘဏ်ကြီးရဲ့ ရှယ်ယာ စျေးနှုန်းက အကျနှုန်း -5.4% , Bank of America ရှယ်ယာစျေးက အကျနှုန်း -6.2% , Citigroup ဘဏ်ရှယ်ယာက အကျနှုန်း -4.1% နှင့် Wells Fargo ဘဏ်ရှယ်ယာစျေးနှုန်းက အကျနှုန်း -6.2% စသဖြင့် အကျအသီးသီး ရှိခဲ့ကြပါသည်။
ပုံမှန်အားဖြင့် Fed ဟာ တလခွဲမှာ တကြိမ် အစည်းအဝေး ကျင်းပလေ့ ရှိသော်လည်း မနက်ဖြန် တနင်္လာနေ့ မှာတော့ အရေးပေါ် တံခါးပိတ် အစည်းအဝေးကျင်းပဖို့ရန် ရှိနေပါသည်။ ကမ္ဘာ့ရွှေစျေးကတော့ $1900 စျေးမဝေးတော့သည့် အနေအထား၌ ရှိနိုင်ကြောင်း နှင့် လတ်တလောကာလမှာ အရောင်းအဝယ်တွေ အထူးသတိထားရန် လိုအပ်ပါသည်။
နေ့စဉ် အချိန်နှင့် တပြေးညီ အသေးစိတ် စျေးကွက်သုံးသပ်ချက်များ လိုအပ်ပါက 'Top Analysts Group' ၌ မန်ဘာဝင်ထားလို့ရပါသည်။