
နော်ဝေးအစိုးရရဲ့ ဓနသဟာရ ရန်ပုံငွေအဖွဲ့ကြီးဟာ 2022 ခုနှစ် ပထမ နှစ်ဝက်ထဲ၌ ရင်းနှီးမြှုပ်နှံမှုကနေ ဆုံးရှုံးမှုတန်ဖိုးများစွာ ရှိခဲ့သည်။ ၎င်း Fund ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး Wealth Fund ကြီးလည်း ဖြစ်ပါသည်။ 2022 ပထမနှစ်ဝက်ထဲ၌ ကမ္ဘာလုံးဆိုင်ရာ စတော့စျေးကွက် အကျများစွာ ရှိခဲ့မှုကြောင့် နော်ဝေးအစိုးရရဲ့ wealth fund ကြီး၌ ဆုံးရှုံးမှု တန်ဖိုးစုစုပေါင်းဟာ နော်ဝေးကရိုနာ 1.68 ထရီလီယံ ($174 ဘီလီယံ) အထိ ရှိခဲ့ပါသည်။
နှစ်စတုန်းကတော့ ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရေနံစျေးတွေ ခုန်တက်ခဲ့စဉ်တုန်းက နော်ဝေး wealth fund ကြီးရဲ့ စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံ မှု မှာ ပြန်ရနှုန်း +13% ကျော် ရှိခဲ့သေးသည်။
သို့သော်လည်း စတော့စျေးကွက်၌ ရင်းနှီးမြှုပ်နှံမှုမှာ -17% ၊ ပုံသေဝင်ငွေရ အက်ဆက်တွေမှာ -9.3% နှင့် Renewable energy infrastructure လုပ်ငန်းပိုင်းမှာ -13.3% အထိ ဆုံးရှုံးမှု များစွာ ရှိခဲ့ပါသည်။
ပထမနှစ်ဝက်ကာလတုန်းက Dow Jones စတော့ညွှန်းကိန်း အကျနှုန်း -15% ၊ S&P 500 စတော့ညွှန်းကိန်း အကျနှုန်း -20% နှင့် NASDAQ စတော့ညွှန်းကိန်း အကျနှုန်း -30% အထိ အကျ ဆိုးဝါးစွာ ရှိခဲ့ကြပါသည်။
ထိုကဲ့သို့ အမေရိကန် စတော့စျေးကွက် အကျ ရှိခဲ့မှုက 1970 ခုနှစ်နောက်ပိုင်း၌ နှစ်ဝက်တာ ကာလအတွင်း အကျအဆိုးဝါးဆုံး ကာလတခုအဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပြီလည်း ဖြစ်ပါသည်။
#NangKhamThiriOo
18. 8. 2022