ရေနံဈေးအကျ ရှိလာရင် ဈေးကို ဆွဲဆွဲတင်လေ့ရှိတဲ့ ရုရှား 

2312781 674907441
 
     ရုရှားနိုင်ငံဟာ OPEC နှင့် မဟာမိတ်နိုင်ငံများကို ရေနံ ထုတ်လုပ်မှုပမာဏ လျှော့ချစေချင်သည့် ဆန္ဒ ရှိနေပြီ ဖြစ်သည်။ လာမည့် အောက်တိုဘာလ 5 ရက်နေ့၌ ရှိနေသည့် OPEC+ အစည်းအဝေး၌ ရေနံထုတ်လုပ်မှုကို စည်အရေအတွက်ပေါင်း 1 သန်း ဝန်းကျင် အထိ လျှော့ချထုတ်လုပ်သွားဖို့ တိုက်တွန်းသွားမည်ဟု ဒီကနေ့မှာပဲ ရုရှားသတင်းရင်းမြစ်များတို့က ဆိုထားကြပါသည်။ 
 
     အမေရိကန် Fed ဗဟိုဘဏ်ကြီးက အတိုးနှုန်း ဆက်တိုက်တိုးနေခြင်းကြောင့် လတ်တလောကာလမှာ ကမ္ဘာ့ရေနံဈေးတွေ အကျဘက် ရှိနေသည်။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲ ခဲ့ပြီးနောက် အနောက်နိုင်ငံများရဲ့ စီးပွားရေး ပိတ်ဆို့မှု ဒဏ်၊ ရေနံ တင်ပို့မှုကျဆင်းနေသည့် ဒဏ်ကို ခံနေရသည်။
 
     ထို့ကြောင့် ရေနံဈေးအကျရှိလာရင် နိုင်ငံ့ဝင်ငွေကို များစွာ ထိခိုက်နိုင်တာကြောင့် (ရုရှားရေနံတွေ ကမ္ဘာ့စျေးကွက်ထဲ ပို့ရခက်ပြီး ဈေးကျချိန်၌) OPEC+ နိုင်ငံများကိုရေနံ ထုတ်လုပ်မှု လျှော့ချရန် တိုက်တွန်းစည်းရုံးသွားဖို့ ကြံရွယ်နေခြင်းလည်း ဖြစ်သည်။ 
 
     ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတင် ပူတင်နှင့် ဆော်ဒီ အိမ်ရှေ့မင်းသား  Mohammed bin Salman တို့ဟာ စကားပြောဆို ဆက်သွယ်ခဲ့ကြပြီး ၎င်းတို့ နှစ်ဦးအကြား သဘောတူညီမှုရခဲ့ပြီး အနေအထား၌ရှိနိုင်ပါသည်။
 
     ၎င်းသတင်းထွက်ခဲ့ပြီးနောက်မှာ ရေနံဈေးဟာ အတက်ပြန်ရှိလာခဲ့ပါသည်။ အမေရိကန် WTI ရေနံစိမ်းနှင့် Brent ရေနံစိမ်း တ်ို့ဟာ လက်ရှိ၌ တနေ့တာအတက်နှုန်း +2.8% ကျော်စီ ရှိနေကြပြီလည်းဖြစ်သည်။
 
#NangKhamThiriOo
27. 9. 2022
Category: