
2020 ခုနှစ် နောက်ပိုင်း ကိုဗစ်အလွန် ကာလမှာ ခရီးသွားလာမှုများ ပုံမှန် အနေအထားသို့ ပြန်ရောက်ရှိ လာခဲ့ပြီးသည့်နောက် ရုရှား - ယူကရိန်း ကျူးကျော်စစ် မထင်မှတ်ဘဲ ဖြစ်ပေါ်လာသည့် အချိန်ကာလ အတောအတွင်း၌ ကမ္ဘာ့ ရေနံစျေးနှုန်းများဟာ အတက်လမ်းကြောင်း ဘက်၌ ကြာရှည်စွာ ရှိနေခဲ့ပါသည်။
ရေနံစျေး အတက်ကြောင့် ရေနံ နှင့် စွမ်းအင်လုပ်ငန်းကို အခြေခံရသော ကုမ္ပဏီကြီးများ တို့သည်လည်း အမြတ်ဝင်ငွေ များစွာ ထိခိုက်မှုတွေ ရှိခဲ့ကြသည်။ အထူးသဖြင့် ကမ္ဘာ့ အကြီးဆုံး ရေနံ ကုမ္ပဏီ ကြီး 5 ခုတို့ရဲ့ 2 နှစ်တာ ကာလအတွင်း ကုမ္ပဏီစျေးကွက် အရင်းပြုတန်ဖိုး မြင့်တက်မှု တန်ဖိုးစုစုပေါင်း ဒေါ်လာ +1.06 ထရီလီယံ အထိ တောင် ရှိခဲ့ပါသည်။
ကုမ္ပဏီ တခုချင်းအလိုက် စျေးကွက်တန်ဖိုး မြင့်တက်သည့် ပမာဏများမှာ -
Saudi Aramco ကုမ္ပဏီက +$572 ဘီလီယံ
Exxon Mobil ကုမ္ပဏီက +$206 ဘီလီယံ
Chevron ကုမ္ပဏီက +$154 ဘီလီယံ
Shell ကုမ္ပဏီက +$74 ဘီလီယံ
PetroChina ကုမ္ပဏီက +$57 ဘီလီယံ
စသဖြင့် အသီးသီး တန်ဖိုးတက်မှု ရှိခဲ့ကြပါသည်။
NangKhamThiriOo
15. 6. 2022